🍀Part-27🍀

41.6K 3.7K 209
                                    

(Unicode)

ဂေဟာထဲကနေ ကားလေး၂စီးထွက်သွားတော့ ထိုကား၂စီးကို ကြည့်ကာ ငိုနေကြသော ကလေး များ။ကားပေါ်မှ ကောင်လေးကလည်း ကားပေါ်ကတစ်ဆင့် နောက်သို့လှည့်ကြည့်ကာ လှည့်
ကြည့်ကာဖြင့် မျက်ရည်များကျနေ၏။

"ထူးထူး ငါတို့ နောက်လဲလာလည်ကြမှာမို့ စိတ်မကောင်းမဖြစ်နဲ့တော့နော်"

ရင်ခွင်ထဲကိုဆွဲ့ပွေ့ပြီး နှစ်သိမ့်ပေးနေသော ကောင်လေးကြောင့် မင်းဇေထက်ရန် ကားစီယာတိုင်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားမိသည်။ဖြူဖြူသေးသေးကောင်လေးက ထိုညိုညိုပုပုကောင်လေးနှင့်ယှဥ်လျှင် ခန္ဓာကိုယ်ထွားတာကြောင့် သူ့ရင်ခွင်ထဲ မြုပ်နေတက်သည့်ကောင်လေး​က တခြားတစ်ယောက်ကို ရင်ခွင်ထဲထည့်ထား၏။

*ဒီညိုညိုပုပုကောင်လေးက မနေ့က ငါ​သတ်ချင်တယ်ပြောလို့ သေရွာက ပြန်လာတာလား*

တစ်ဖက်ကားပေါ်တွင်လဲ အလင်းထိုက် သူ့ညီရှိရာ ကားနောက်ခန်းဆီကို လှည့်ကြည့်ရင်း သက်ပြင်းချမိသည်။အခုတွေ့လာတဲ့ကောင်လေးက သူ့ညီနဲ့ အညိုတို့ သေပြီထင်နေသောကောင်လေး။သူငယ်ချင်းတစ်ယောက် မသေပဲ အသက်ရှင်နေသည်ဆိုတာ ဝမ်းသာပျော်ရွှင်နေသင့်သော်လည်း သူ့ညီကတော့ စစချင်းတွေ့တုန်းကသာ ပျော်ရွှင်နေခဲ့သော်လည်း အခုမျက်နှာသေ
နှင့် ခံစားချက်မဲ့စွာ လိုက်ပါလာ၏။

"ထူးထူး ဒါငါတို့နေရမဲ့နေရာ လာဆင်းရအောင်"

"အင်းးးး"

မင်းဇေထက်ရန် သူ့ကို မခေါ်ပဲ သူငယ်ချင်းဖြစ်သူ၏ လက်ကို ဆွဲကာ အိမ်ထဲဝင်သွားသော ကောင်လေးကြောင့် ဖြစ်နိုင်ရင် ထိုကောင်လေးအား ကိုင်ကိုင်လှုပ်ပြစ်ချင်သည်။

အထဲဝင်သွားသော ၂ယောက်ကိုကြည့်ပြီး စည်သူ သက်ပြင်းချမိသည်။

*ထူးထူး မင်းဆီမှာ ခိုင်လုံတဲ့အကြောင်းပြချက် ရှိနေဖို့ ငါမျှော်လင့်ပါတယ်*

ဧည့်ခန်းထဲတွင် လူ၄ယောက်ထိုင်နေကြသော်လည်း ဘယ်သူမှစကားမစဖြစ်ကြသေး။ဒါကြောင့် အညိုကပင်ဦးဆောင်ကာ စတင်ပြောလိုက်၏။

ညို...(Completed)Donde viven las historias. Descúbrelo ahora