🍀Part-20🍀

52.4K 3.7K 477
                                    

(Unicode)

လူခြေတိတ်သည်​့ ညသန်းခေါင်ကျော်အချိန်တွင် ကားလေးတစ်စီး လမ်းမထက်တွင်ပြေးလွှားမောင်းနှင်နေ၏။

"အကိုဟိန်း ဆရာ ဒေါသကြီး​တာ ကြောက်စရာကြီးနော်"

"ဒါပါးပါးလေးပဲရှိသေးတာ။ မင်းက ရောက်တာမကြာသေးတော့ ဘယ်သိမလဲ"

"ဒါနဲ့ ဒီအလောင်းကြီး ဘယ်နားသွားမြုပ်ကြမလဲ"

"ငါနေရာတွေ့ထားပြီးသား ဆရာဒီကောင့်ကို ဖမ်းမိကတည်းက နေရာရှာထားတာ"

သူတို့ရဲ့ဆရာ မင်းဇေထက်ရန်ဆိုတာ လူတစ်ယောက်ကိုတောင် အေးအေးဆေးဆေးသတ်နိုင်သောသူပင်။လူတွေရှေ့တွင် Zayအက်ျီနှင့် ဖိနပ်များ ထုတ်လုပ်သော ရိုးသားသည့် CEOတစ်ယောက်ဖြစ်သော်လည်း မှောင်ခိုလောကတွင်တော့ Maxဆိုတဲ့ နာမည်နဲ့ ကျင်လည်နေသောသူတစ်ဦးဖြစ်သည်။ အခုလဲ သူ့ကုမ္ပဏီက ဒီဇိုင်းကို ခိုးပြီး တစ်ဖက်ကုမ္ပဏီသို့ရောင်းစားကာ နယ်ဘက်သို့ထွက်​ပြေးသွားသူကိ​ု လိုက်ဖမ်းစီးပြီး သတ်ပြစ်လိုက်ခြင်း။ဆရာကတော့သတ်ပြီး ရန်ကုန်သိူ့ ချက်ချင်းပြန်သွားသည်။သူတို့ကတော့ ဆရာသတ်ခဲ့တဲ့အလောင်းကို ဖျောက်ပစ်ရန် နေရာရှာနေရ၏။

"အလင်းထိုက် ရောက်ပြီ ဒီနေရာပဲ"

"ဟုတ် အကိုဟိန်း"

သူတို့နှစ်ယောက် ကားကို လမ်းဘေးရပ်ခဲ့လိုက်ပြီး အလောင်းကို အနောက်ခန်းထဲကနေမကာ လူမတွေ့လောက်မည့်နေရာသို့ ​ပစ်ရန် နည်းနည်းဆက်သွားလိုက်သည်။

"တောင်းပန်ပါတယ် မင်းက ငါ့ညီလေးအရွယ်ပဲရှိဦးမှာ ငါသူဋ္ဌေးကို မလွန်ဆန်နိုင်လို့ပါ"

"Hello သူဋ္ဌေး ပိုက်ဆံအိတ်တွေ ဖုန်းတွေ ပြန်ယူခဲ့ရမလား"

"မယူခဲ့နဲ့ အလောင်းမြင်ရင် ဘယ်သူသေတယ်ဆိုတာ သိပြီး အကြောင်းကြားမှာ။ မြေကြီးကိုလဲ အရမ်းနက်အောင်တူးပြီး မဖုံးနဲ့ မတွေ့ပဲနေကြလိမ့်မယ်...ဒါမှ အဖွားကြီးက သူမြေးသေတာ ယုံပြီး သူလဲ shockရပြီး သေမှာ အဟက် အဲ့အချိန်ကျ ပိုင်ဆိုင်တာ အကုန် ငါ့အစ်မရပြီ။မနက်သက်ဆိုင်ရာကို အနားတစ်ဝိုက်က လူတွေလို ဟန်ဆောင်ပြီး အကြောင်းကြားဖို့ မင်းလူတွေထဲက ၃ယောက်လောက်ကို ပြောထားလိုက်"

ညို...(Completed)Where stories live. Discover now