🍀Part-2🍀

71K 5.3K 902
                                    

(Unicode)

"မြတ်ဦးညို"

ကျောင်းဝန်းထဲက စက်ဘီးစတန်းတွင် စက်ဘီးရပ်နေတုန်း နောက်က ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ စည်သူ။စည်သူရယ် ထူးထူးရယ် အညိုရယ်က စာသင်ခုံတစ်ခုံတည်းတွင်ထိုင်သော သူငယ်ချင်းတွေ ဖြစ်သည်။​ထူးထူးနဲ့အညိုကတော့ ရပ်ကွက်ထဲက မူလတန်းကျောင်းတွင်တည်းက တူတူတက်ခဲ့သူဖြစ်သည်။စည်သူကတော့ ၅တန်းနှစ် ဒီအထက်တန်းကျောင်းကို ပြောင်းလာမှခင်သည်ဆိုပေမဲ့ အခု ၆တန်းနှစ်ထိ သူတို့နှင့်ပေါင်းနေဆဲပင်။

"အေး စည်သူ အခုမှရောက်တာလား"

"အင်း ထူးထူးနဲ့ တူတူမလာဘူးလား"

စည်သူ့အမေးကြောင့် သူဘယ်လို ဖြေရမယ် မသိ။အရင်နေ့တွေက မေမေတို့ မသိအောင် ထူးထူးတို့လမ်းထိပ်ကို သွားပြီး ထူးထူးကို စောင့်ခေါ်နေကြ။ဒီနေ့ မမကြီးကပါ သူ့စက်ဘီးနောက်တွင်ပါလာသဖြင့် ထူးထူးကို အရင်လို သွားစောင့်လို့မဖြစ်ပါ။

"ငါ မမကြီးကိုလဲ ခေါ်လာရလို့ အဲ့ဒါကြောင့်.."

"အာ ဟုတ်သားပဲ။မင်းမမကြီးက ထူးထူးကို မကြည်ဘူးနော်"

"အင်း"

စည်သူနဲ့ စကားပြောရင်း အတန်းထဲရောက်ပီးတော်တော်ကြာသည်အထိ ထူးထူးရောက်မလာသေး။သူ့ကို စောင့်နေတာများလား။

"မြတ်ဦးညို....ထူးထူးမလာသေးဘူးလားပဲ။ ကျောင်းတက်တော့...ဟော ဟိုမှာလာပြီ"

"အမလေး မောလိုက်တာ"

"ရော့ ရေသောက် ထူးထူး"

"ကျေးဇူး မြတ်ဦး"

ရေသောက်နေသော ​ထူးထူးမှာ ေချွးတွေလဲ ရွှဲလို့။အသားရေညိုတိုတို အရပ်ကသူ့ထက် မဆိုသလောက်ပုပြီး ဆံပင်ကောက်ကောက်လေးတွေနဲ့ ထူးထူးက တကယ်ချစ်စရာကောင်းလှသည်။

"ထူးထူး ငါ့ကိုစောင့်နေတာလား။ တောင်းပန်ပါတယ်ကွာ၊ မမကြီးပါလာလို့"

"အိမ်က ဆူပြန်လို့လား မြတ်ဦး"

". ..."

မြတ်ဦးတို့အိမ်က ထူးထူးနဲ့ပေါင်းတာသိသွားတိုင်း မြတ်ဦးကို ဆူပီး ရိုက်နှက်တာကို သူသိသည်။သိသွားပြီး နောက်တစ်ပတ်နှစ်ပတ်လောက်ထိ မြတ်ဦးမမကြီးကို စောင့်ကြည့်နေခိုင်းတက်သည်။ဒါတောင် ဒီသူငယ်ချင်းလေးက အခုထက်ထိ သူ့ကို ခင်နေတုန်းပင်။

ညို...(Completed)Where stories live. Discover now