(Unicode)
"ကိုယ်မင်းကို သူနဲ့ စိတ်မချပါဘူးဆို"
"ခင်များကလည်း ကျွန်တော်က အရင်မြတ်ဦးညိုမဟုတ်တော့ပါဘူး"
"မဟုတ်လဲကွာ ဒီလို ၂ယောက်ထဲတွေ့တာကျတော့ ပြီးတော့ တနေကုန်ကြီး"
"တနေမကုန်ဘူးလို့နော် နေ့လည်လောက်ကျ ပြန်လာပါ့မယ်"
"ညို ကိုယ်တော့ မင်းကို နားမလည်နိုင်တော့ဘူး။ လက်စားချေတာ ဒီနည်းပဲ ရှိတာမဟုတ်ဘူး။ကဲသူ့ကို ညိုမကျေပ်နပ်ဘူးမလား အဲ့ဒါဆို သတ်ပစ်လိုက်၊ ရှင်းပြီ ရှည်ရှည်ဝေးဝေး အလုပ်ရှုပ်ခံပြီး စီစဥ်တာတွေဘာတွေလုပ်မနေနဲ့ ညိုက သူ့ကို ရည်းစားဟောင်းဖြစ်နေလိြ့ သံယောဇဥ်ရှိနေလဲ ကိုယ်သတ်ပေးမယ်"
"သတ်လိုက်ရင် သူခံစားရမှာ ခဏလေးတင်။ ကျွန်တော်က သူ့ဘဝတစ်လျှောက်လုံး အရှက်ရပြီး ခံစားစေချင်တာ ပြီးတော့ သံယောဇဥ်ဆိုတာလဲ မရှိတော့ဘူး"
"မရှိတော့ရင် ဘာလို့ သွား သွားနမ်းနေလဲ"
"ခင်များကလည်း ရစ်ပြီ"
"ကဲပါ သွားမှာမလို့လား သွား သွား အရမ်းနောက်မကျစေနဲ့"
"အိုကေ"
ထွက်သွားသော ကောင်ငယ်လေးကို ကြည့်ပြီး သူ့အနေနဲ့ သက်ပြင်းချရုံသာ တက်နိုင်သည်။ချစ်သူရည်းစားဖြစ်ခါစ အရမ်းချုပ်ချယ်ရင် သူ့ကို စိတ်ပျက်ပြီးထားသွားမှာလဲ မင်းဇေထက်ရန်ကြောက်မိသည်။
"Hello အင်း သန့်ဇင်ဟိန်း ညို့ကို ခပ်လှမ်းလှမ်းကနေစောင့်ကြည့်ပေးပါ ဘာမှ မဖြစ်စေနဲ့"
"ဟုတ်ကဲ့ဆရာ"
ဥက္ကာဇွဲနှင့် ချိန်းထားသော cafeတစ်ခုကို ညိုရောက်တော့ ဥက္ကာဇွဲကရောက်နှင့်နေသည်။
မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး
waiterအားလှမ်းခေါ်ကာ ဒူးရင်းကိတ်လေးမှာလိုက်သည်။"Braunက ဒူးရင်းသီးကြိုက်တယ်လား"
"အင်း ကိုယ့်အကြိုက်ဆုံးအသီးထဲမှာ ဒူးရင်းသီးက ထိပ်ဆုံးထဲမှာလေ"
ဥက္ကာဇွဲအခုမှ သူသံသယဝင်နေတာတွေ အရှင်းပျောက်ကုန်တော့သည်။မြတ်ဦးညိုက ဒူးရင်းသီးဆိုရင် အနံ့မခံနိုင်ရုံတင်မဟုတ် အသီးကိုပင် မမြင်ချင်သူ။သူ့ရှေ့မှာ ဒူးရင်းသီးသည် တွေ့ရင်ကို ဒီကမ္ဘာကြီးမှာ ဒူးရင်းသီးတွေပျောက်ကွယ်ကုန်ရင်ကောင်းမယ်ဆိုပြီး ပြောနေတက်သူ။စားနေတဲ့သူတွေ့ရင်လဲ ဘာလို့ ဒီလောက်နံစော်နေတဲ့အသီးကို စားနိုင်ကျတာလဲနှင့် ပြောတက်သည့်သူဖြစ်သည်။ဒါကြောင့် သူ့ရှေ့ရှိနေတဲ့ Braunဆို
သည့်လူသားဟာ မြတ်ဦးညိုမဟုတ်ဘူးဆိုတာ 100%သေချာ၏။
YOU ARE READING
ညို...(Completed)
Fantasy"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက် ဘယ်သူကမှ အရေးတယူ အဖတ်လုပ်နေမှာမဟုတ်ဘူး သေသွားရင်တောင်ပေါ့...." "ဟုတ်တယ် ညိုက အခြောက်!!ဖေဖေတို့ မေမ...