🍀Part-24🍀

42.5K 3.8K 209
                                    

(Unicode)

မင်းဇေထက်ရန်သည် မြတ်ဦးညိုဆိုသည့်ကောင်လေး သူ့ဆီရောက်လာကတည်းက ကောင်လေးအကြောင်းတွေကို သန့်ဇင်ဟိန်းအား စုံစမ်းခိုင်းထားသည်။ဒါကြောင့် ကောင်လေးနှင့် ပတ်သတ်ပြီး မိဘများ၊ သူငယ်ချင်းများ အကြောင်း အနည်းငယ်တော့ သိရှိထား၏။ သူ့တပည့်နှစ်ယောက် ဒီကောင်လေးကို တွေ့တုန်းက လာမြုပ်သည့်သူ ဖုန်းပြောတာတွေကိုပါ ပြောပြသဖြင့်
ခန့်မှန်းမိသလောက် ကောင်လေးကို သတ်ဖို့ ကြံတာက ကောင်လေး၏ဦးလေးဖြစ်သူဖြစ်လိမ့်မည်။သို့ပေမဲ့ ကောင်လေးကိုတော့ မပြောဖြစ် စုံစမ်းရသလောက် ကောင်လေးက သူ့ဦးလေးကိုအရမ်းချစ်ပြီး သူ့ဦးလေးကသာ မိသားစုမှာ ကောင်လေးအပေါ်ကို ဂရုအစိုက်ဆုံးဟု စုံစမ်းမိတာကြောင့် သူပြောလိုက်လို့ ကောင်လေးစိတ်ညစ်မည်၊ စိတ်မကောင်းဖြစ်မည်ကို မလိုချင်သောကြောင့်ပင်။

သူနှင့်မသိသော ကောင်လေးတစ်ယောက်ကို ဒီလောက်ထိဂရုစိုက်နေမိတာဟာ သူလိုက်ရှာနေခဲ့တဲ့ ချစ်ရသည့် ကောင်မလေးနှင့် တူလို့ဟု အစကတော့ထင်မိခဲ့သည်။

ငယ်ငယ်က တွေ့ခဲ့သည့်ကောင်မလေးအကြောင်းကို စုံစမ်းကြည့်ခဲ့ဘူးသည်။အဲ့တုန်းက တစ်ဖက်ခြံရဲ့မိသားစုမှာ သမီး၂ယောက်ရှိကြောင်းသိရသ
သည်။ ထိုနှစ်ယောက်၏ နာမည်တွေက မြတ်နှင်းသက်နှင့်မှူးမြတ်သူဆိုတာကြောင့် ညိုဆိုသော ကောင်မလေးနာမည်မပါတာကြောင့်
သူဆက်မစုံစမ်းခဲ့ချေ။

ကောင်လေးရောက်ပြီး သိပ်မကြာခင်မှာပဲ
မြို့သစ်ဘက်တွင်ရှိသော ငယ်ငယ်ကသူတို့မိသားစုသွားလည်လေ့ရှိတဲ့ အပန်းဖြေအိမ်ရဲ့ ဘေးက ခြံကြီးကို ရောင်းမည်ဟုသတင်းကြားသဖြင့် သူဝယ်ရန်အတွက် ပိုင်ရှင်တွေကို စုံစမ်းခိုင်း
တော့ ကောင်လေးမိဘတွေဟု သိခဲ့ရသည်။အဲ့အခါမှ သူရှာနေတဲ့ ကောင်မလေးဟာ ကောင်လေးတစ်ယောက်ဆိုတာကို သိခဲ့ရသည်။သိသိခြင်း တော်တော်ထိတ်လန့်သွားခဲ့ရ၏။နောက်ဆုံးသူ့စိတ်ကိုယ် သေချာအောင် အမျိုးမျိုးစမ်းစစ်ကြည့်တော့ သူဟာ ဒီကောင်လေးကို ချစ်နေသည်ဟုသာ အဖြေထွက်ခဲ့သည်။

ကောင်လေးသိအောင်ပြောပြချင်သည်။ ကောင်လေးကို သတ်ဖို့ကြိုးစားခဲ့သည့် သူ့ဦးလေးကိုလဲ သတ်ပြစ်ချင်သည်။သားရဲ့ ဖြစ်တည်မှုကို လက်မခံနိုင်ပဲ လူသိမခံအောင် ပတ်ဝန်းကျင်တွင် ထုတ်မပြဘူးဆိုသော မိဘတွေကိုလဲ သတ်ပြစ်ချင်သည်။ ကောင်လေးကို သစ္စာဖောက်ပြီး အစ်မဖြစ်သူနှင့် စေ့စပ်သွားသော ကောင်လေးရဲ့ ချစ်ရသူကိုလဲ သတ်ပြစ်ချင်သည်။သူသာ သတ်မည်ဆိုလျှင် ထိုကောင်လေးရဲ့ မိသားစု၊ ကောင်လေးရဲ့ ချစ်သူ အသက်ထွက်တာဟာ အခုဆို တစ်လတောင်ကျော်နေလောက်ပြီ။ကောင်လေးမသိအောင်လဲ သူမလုပ်ချင်ပါ။ ကောင်လေးနဲ့သူနဲ့ အခြေအနေက သူစိမ်းတွေ၊ ဘာမှမသက်ဆိုင်တဲ့သူတွေဆိုတော့ စည်းတော့မကျော်ချင်ပါ။ဒါကြောင့် ကောင်လေးကို သူချစ်နေသည့် အကြောင်းတွေ ပြောပြမည်။ကောင်လေးလက်ခံလို့ သူနဲ့ချစ်သူတွေဖြစ်ခဲ့ရင် ကောင်လေးသာ ခုလူတွေကို သေစေချင်သည်ဆိုလျှင် တစ်ရက်မကျော်စေရဘူး ဒီလူတွေကို သူ့လက်နဲ့အကုန်သတ်ပြစ်မည်ဟု တွေးခဲ့ဖူးသည်။

ညို...(Completed)Where stories live. Discover now