🍀Part-47🍀

34.8K 3K 117
                                    

(Unicode)

သီတင်းကျွတ်ပိတ်ရက်ဖြစ်တာကြောင့် အညိုတို့ ပုဂံသွားရန် တိုင်ပင်ထားကြသည်။အစကတော့ ကိုယ်တွေချည်းသွားဖို့ လုပ်ထားသော်လည်း ကုမ္ပဏီဝန်ထမ်းတစ်ချို့က ခရီးတစ်ခုခုလိုက်ပို့ပေးရန် တောင်းဆိုထားတာကြောင့် ဝန်ထမ်းများထဲက လိုက်မည့်သူများနှင့်ပါစု၍ သွားဖြစ်ကြသည်။

ဝန်ထမ်းများကိုတော့  ခရီးသွားဝန်ဆောင်မှု တစ်ခုက ငှားထားသော Express ၃စီးနှင့်လိုက်စေပြီး လူကြီးရယ်၊အညိုရယ်၊ထူးထူးရယ်၊စည်သူရယ်၊ကိုထိုက်ရယ်၊ကိုဟန်းရယ်၊Nitရယ် ကတော့ လူကြီး၏ ကားတွေထဲမှ သူတို့အကုန်ဆံ့လောက်မည့် Toyota Alphardနှင့် သပ်သပ်လိုက်ခဲ့ကြသည်။ကေကေ့ကို အတူလိုက်ဖို့ ခေါ်သော်လည်း တခြားဝန်ထမ်းများ တစ်မျိုးထင်မည်ဆိုး၍ ဟုဆိုကာ Expressနှင့်သာ လိုက်လာသည်။ ကိုယ်ခေါ်ချင်တဲ့သူ တစ်ယောက်ခေါ်ခွင့်ပေးထားသဖြင့် ကေကေနှင့်အတူ အကိုထက်မြတ်ပါ ပါလာသည်။

မနက်စားစားရန် ကားခဏနားကြတော့ သူတို့အဖွဲ့ဆီအား ဝန်ထမ်းများက သူတို့ပါလာကြသည့် အကြော်အလှော်များ လာပေးသည်ကြောင့် ထမင်းဖြူသာမှာပြီး ထိုအကြော်များဖြင့်သာ စားဖြစ်ကြသည်။ဆိုင်ရှင်၏ မကျေမနပ်မျက်နှာကို လှစ်လျူရှုပြီးတော့ပေါ့။ကေကေတို့ကို မနက်စာအတူဝိုင်းစားဖို့ ခေါ်တော့ ဥက္ကာဇွဲ၏အကြည့်များက အညိုတို့ဆီရောက်လာသည်။ကေကေ့အပြင် ကိုဟိန်း၏ ညီမဝမ်းကွဲဆိုသည့် မိန်းကလေးကလည်း လာထိုင်စားသည်ကြောင့် တခြားသူများ၏စပ်စပ်စုစုအကြည့်များကို မခံရပေ။

၇နာရီလောက်စီးပြီးတော့ သူတို့ပုဂံ​ကို ရောက်ကြသည်။ပြီးတော့ မင်းဇေထက်ရန်၏ စီးပွားဖက်တစ်ယောက်၏ Hotelတစ်ခုကို ကြိုတင်ဘိုကင်လုပ်ထားတာကြောင့် Hotelသို့သွားကာ ပစ္စည်းများထားစရာရှိတာထားပြီး ခဏအနားယူကြရန်ပြောထားလိုက်သည်။ခရီးက ၂ညအိပ်၃ရက်ခရီးဖြစ်တာကြောင့် ဒီ၃ရက်လုံးအား Hotelတစ်ခုလုံးကို ငှားထားပေးသည်။

ခဏနားပြီးကြတော့ ထီးလိုမင်းလိုဘုရားကနေ အလိုတော်ပြည့်ဘုရားတို့ ကန်တော့ပုလ္လင်ဘုရားတို့ဖူးပြီး ဘူးဘုရား အထိသွားဖြစ်ကြသည်။ဘူးဘုရားကနေ လှမ်းကြည့်ရင် ဧရာဝတီမြစ်၏ တစ်ဖက်ကမ်းမှာရှိတဲ့ တန့်ကြည်တောင်ကို လှမ်းမြင်ရသည်။အပြန်ကြတော့ အာနန္ဒာဘုရားကိုဝင်ဖူးကြသည်။

ညို...(Completed)Where stories live. Discover now