🍀Part-40🍀

38.6K 3.1K 158
                                    

(Unicode)

"ဒီနေ့ Parallelက ထုတ်တဲ့ ဒီဇိုင်းက မိုက်လိုက်တာ ငါတော့ ဒီတစ်ခါ Parallelက သွားဝယ်ရမယ်"

"ငါကတော​့ Zayက ထွက်မဲ့ဒီဇိုင်းကို စောင့်ဦးမယ်"

"ငါလဲ အရင်က Zayက ထုတ်တာဝယ်ခဲ့ပေမဲ့ အခုParallelက ထုတ်တဲ့ ဒီဇိုင်းကို တကယ်ကြိုက်နေပြီ"

"Parallelက ထုတ်တဲ့ဟာက Braunရဲ့ လက်ရာတွေနဲ့တောင် ခပ်ဆင်ဆင်ပဲနော်"

"ဒီဇိုင်းတွေပဲ ဆင်တူရိုးမှားတော့ရှိကြမှာပေါ့"

အံ့ပိုင် Parallel Mallထဲကို လုပ်ငန်းကိစ္စအတွက် စစ်ဆေးနေတုန်း  ကောင်မလေးအချို့ရဲ့ပြောသံများကြောင့် ပြုံးမိ၏။အခုချိန် သူတို့ ဒီဇိုင်းကို ကြည့်ပြီး Zay ကုမ္ပဏီတော့ ဘယ်လောက်တောင် အလုပ်ရှုပ်နေကြမလဲ။Braunရဲ့ ဒီဇိုင်းကို ရအောင်ယူလာပေးတဲ့ မြတ်နှင်းသက်က တော်ရုံတော့မဟုတ်ပေ။Zayရဲ့ ရှယ်ယာရှင်တွေကတော့ Braunကို ဒီဇိုင်းခိုးထုတ်တယ်ဆိုပြီး ကုမ္ပဏီကထုတ်ဖို့ဆုံးဖြတ်မှာ အသေအချာပဲ။အဲ့အချိန် သူတို့Parallelက Braunကို မက်လုံးပေးပြီး ခေါ်လိုက်ရင် အသာလေးကိုယ့်ဘက်ကို ရောက်လာမှာ။ပြီးတော့ သူတို့ဒီဇိုင်းကလဲ ထုတ်တဲ့ရက်ရောက်ရင် ထုတ်မှဖြစ်မှာဆိုတော့ ဒီဇိုင်းနောက်တစ်ခုပြောင်းဖို့ဆိုတာမဖြစ်နိုင်တော့ဘူး။အဲ့တော့ အရင်ထွက်တဲ့Parallelရဲ့ ဒီဇိုင်းကို Zayက copyယူပါတယ်ဆိုပြီး တရားစွဲလိုက်ယုံနဲ့ Zayက ဟိုးအောက်ဆုံးထိရောက်သွားလိမ့်မည်။တစ်ယောက်ထဲတွေးပြီး အံ့ပိုင်တစ်ယာက် အရမ်းကျေနပ်နေ၏။

"CEO ရှယ်ယာရှင်တွေရောက်နေကြတယ်"

"Meeting roomမှာ စုထားလိုက်"

"ဟုတ် CEO"

အတွင်းရေးမှူးထွက်သွားသည်နှင့် မင်းဇေထက်ရန် ညို့ဆီဖုန်းဆက်ပြီး လှမ်းအကြောင်းကြားရသည်။ပြီးတော့ အလင်းထိုက်တို့ကိုလဲ သက်သေတွေစုခိုင်းထားရ၏။

"CEO မင်းဇေထက်ရန် ရောက်ပါပြီရှင့်"

CEO၏ အတွင်းရေးမှူးအသံကြောင့် ဆူညံနေသော အခန်းမှာ အပ်ကျသလို တိတ်ဆိတ်သွား၏။မင်းဇေထက်ရန် ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်နှင့် မကျေနပ်သော အသံများက ပြန်ထွက်လာကြသည်။

ညို...(Completed)Where stories live. Discover now