(Unicode)
"ကျော်စွာရယ် ငါစိတ်ညစ်လိုက်တာ ဒီငွေတွေ ငါ့မှာ ဘယ်လိုရှိမှာလဲ"
"အစ်မယောကျ်ားဆီလဲ မေးကြည့်ပေးပါ့လား"
"သူ့ဆီလဲ အဲ့လောက်လောက်မရှိဘူးလေ!နေပါဦး နင်ဒီငွေအများကြီး ဘာတွေလုပ်နေတာလဲ"
"ကျွန်တော် စီးပွားရေးတစ်ခုလုပ်မို့ ရင်းနှီးဖို့ဆိုပြီး ချေးလိုက်တာ လူလိမ်ခံရလို့!အဲဒါ ချေးတဲ့သူဆီကို ဆပ်ဖို့က ပြည့်နေပြီ"
"တကယ်ပါပဲဟယ်!ဆိုင်ဂရမ်ကကော"
"ဟို သူ့ဆီမှာပဲ"
"နင်ကတော့လေ...ငါစိတ်ညစ်ပါတယ် အစ်ကိုသိရင် ငါ့ကိုဆူမှာ"
"ကျွန်တော်လဲ ဘာဆက်လုပ်ရမလဲ မသိတော့ပါဘူးဗျာ"
ကျော်စွာ ဆံပင်ကို စိတ်ရှုပ်ရှုပ်နဲ့ဖွလိုက်ပြီး ထွက်လာလိုက်သည်။ကားပေါ်ရောက်တော့ Nitဆီဖုန်းဆက်လိုက်၏။
"Nitရယ် ပြောပေးပါကွာနော်!ကိုယ်သူနဲ့တွေ့ချင်လို့ပါ"
". ........"
"အင်းအင်း တစ်ခုခုဆို ကိုယ့်ဆီအကြောင်းပြန်နော်"
". ......"
"အိုကေအိုကေ"
ဥက္ကာဇွဲအိမ်ကိုပြန်လာတော့ အသက်က ရှိနေသေးသည်။ ဘာလို့ရယ်မသိ အသက်ကို မြင်နေတာ သူ့အတွက် စိတ်ရှုပ်စရာတစ်ခုလိုဖြစ်နေသည်။
"မောင်!မောင်"
သူ့ကို မြင်တော့ ဆိုဖာပေါ်ကနေ အတင်းထက ပြေးလာ၏။
"ဖြေးဖြေးလာပါအသက်ရယ် ချော်လဲနေပါဦးမယ်"
"ဟီး မောင့်ကို ပြောပြချင်လွန်းလို့"
"ဘာပြောမှာလဲ အသက်ရဲ့။ လောလောဆယ် ထိုင်ကျရအောင်"
"မြတ်မှာ ကိုယ်ဝန်ရှိနေပြီ မောင်"
"ဘာ!"
ဥက္ကာဇွဲ တစ်ကယ်ကို ထိတ်လန့်သွားသည်။သူနဲ့အသက်က တစ်ခါတစ်ရံသာ အကာအကွယ်သုံးတက်တာမို့ အသက်ကို ဆေးပုံမှန်သောက်ဖို့သာ ပြောနိုင်သည်။
"ဆေးမသောက်ဘူးလား"
"အင်း မြတ် မေ့သွားလို့"
YOU ARE READING
ညို...(Completed)
Fantasy"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက် ဘယ်သူကမှ အရေးတယူ အဖတ်လုပ်နေမှာမဟုတ်ဘူး သေသွားရင်တောင်ပေါ့...." "ဟုတ်တယ် ညိုက အခြောက်!!ဖေဖေတို့ မေမ...