🍀Part-22🍀

42.3K 3.7K 382
                                    

စာမစစ်ထားပါ။

(Unicode)

အညိုသတိရလာတော့ ဘေးတွင်လှဲအိပ်နေတဲ့သူကို တွေ့လိုက်တာကြောင့် လန့်သွား၏။တစ်ဖက်ကလှဲအိပ်နေတဲ့သူ မနိုးအောင် ကုတင်ပေါ်က ဖြည်းဖြည်းထလိုက်ပြီး အခန်းတံခါးဆီသို့ သွားဖို့
ခြေထောက်ကို ကုတင်ပေါ်မှ ချလိုက်သည်။

"ဒါက ဘယ်သွားမလို့လဲ"

"ဟို ကျွန်တော်.."

"ညိုလို့သုံး"

"ဗျာ"

"မင်းကိုယ်မင်း ညိုလို့ သုံးပြီးပြောလို့"

"အာ ဟုတ်...ညို ပြန်ချင်လို့"

"ဘယ်ပြန်ချင်တာလဲ"

"ညို့ဖွားဖွားဆီ"

"မင်းအဖွားဒေါ်တင်မေကြည်ဆုံးပြီ"

"ဗျာ ဘယ် ဘယ်လိုဖြစ်လို့ ဖွားဖွားက အင့် မဖြစ်နိုင်တာ ခင်များ... ခင်များညာနေတာ"

"မင်းဆုံးပြီလို့ သတင်းကြားပြီး အမောဖောက်ပြီးဆုံးသွားတာ"

"ကျွန်တော်...ညို..ညိုမှမသေတာ..ဟင့်"

"ရော့ဒီမှာကြည့်"

ကုတင်ပေါ်တွင် ကုတင်ခေါင်းရင်းကို မှီကာနေသော ထိုလူက အညို့ဆီကို ဖုန်းပစ်ပေးတာကြောင့် ယူကြည့်လိုက်တော့ အညို့ကို သေဆုံးပြီဟုတင်ထားသော နာရေးသတင်းနှင့်အတူ အဖွား၏နာရေးသတင်း။ပြီးတော့ မြို့သစ်မြို့ရဲ့ Pageကတင်ထားသော အညို့အကြောင်းဆိုတာကောပါတွေ့ရ၏။

"ဒီ ဒီအလောင်းက"

"အင်း မင်းနားလည်အောင် ကိုယ်ပြောပြမယ်။ အခု လာထိုင်"

အညို ကုတင်ဘေးက ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ပြီးတော့ ထိုလူပြောသော အကြောင်းများကို နားထောင်ပြီး ဝမ်းနည်းလာသည်။

"မင်းကို မြုပ်ဖို့ကြံနေတဲ့သူကိုတော့ ကိုယ်တို့လဲမသိဘူး မင်းသိလား"

"ညို အဲ့နေ့က အိမ်ကအပြန် တော်တော်မှောင်နေတာမို့ ဘယ်သူမှန်းမသိလိုက်ဘူး"

"မင်းကို မကြည်တဲ့သူ မုန်းတဲ့သူကောရှိလား မင်းပုံစံနဲ့က ငွေရေးကြေးရေး အရှုပ်ရှင်းရှိတဲ့ပုံလဲမပေါ်တော့"

ညို...(Completed)Where stories live. Discover now