(Unicode)
"-ီးပဲ"
"ဘာတစ်ခုမှ အဆင်မပြေဘူး"
"ပြတ်!ပြတ်ကြ!ဘယ်သူမှမကောင်းကြဘူး!"
အညိုတစ်ယောက် ဇာတ်ကားကြည့်ရင်း မင်းသားက နောက်တစ်ယောက်နဲ့ ကိုယ်ဝန်ရှိသွားတာကို မင်းသမီးဘက်က မခံမရပ်နိုင် ဖြစ်နေခြင်းပင်။
"မင်းသောက်သံချည်းပဲ!အခန်းထဲ အေးအေးဆေးဆေးမအိပ်ရဘူး!ဇာတ်ကားကြည့်လဲ ကိုယ့်အခန်းထဲသွားကြည့်လေ။ ခုတော့ ဧည့်ခန်းထဲလာပြီး အော်ဟစ်နေတယ်"
"ဘာဖြစ်လဲ ငါ့ဘာသာ ကြိုက်တဲ့နေရာကြည့်မှာပေါ့ မင်းသောက်ပူပါလား!-ီးပဲမင်းလဲ!"
"သောက်သူတောင်းစား!"
"ခွေးသူတောင်းစား!"
ဗုန်း!ဗုန်း!
တစ်ယောက်နဲ့ တစ်ယောက် ဆိုဖာပေါ်က ခေါင်းအုံးတွေယူကာ အသေအကြေ ရိုက်နှက်နေတုန်း
"ဟဲ့! ဟဲ့! အော် ကလေးလဲ မဟုတ်ပဲနဲ့ကွယ် ပေးပေး ကြီးစောကို "
ကြီးစောက အလယ်ကနေ ခေါင်းအုံးတွေဆွဲယူတော့မှ အခြေအနေငြိမ်သက်သွားတော့သည်။ဒါတောင် တစ်ယောက်နဲ့ တစ်ယောက် မျက်စောင်းတွေထိုးကာ မျက်လုံးချင်း စစ်တိုက်နေသေးသည်။
Ring~~~~ Ring
"ပြော!"
"ကျွန်တော်ပါ"
"ဘယ်ကျွန်တော်လဲ! သောက်လုပ်တွေ လာရှုပ်မနေနဲ့ -ီးပဲ!"
"ဟို ကျွန်တော် ဥက္ကာဇွဲပါ"
ဖုန်းနံပါတ်မှတ်မထားသည်ကြောင့် ဒီလူဆက်မှန်းသိရင် မကိုင်ပါဘူး။ထူးထူးကတော့ speakerဖွင့်ထားသည်ကြောင့် ဆိုဖာတွင်ထိုင်ကာ ပြောတာကို နားစွင့်နေ၏။
"အော် sorryကွာ! ကိုယ်စိတ်ရှုပ်နေတဲ့နဲ့ contactမကြည့်မလိုက်ဘူး"
"ရပါတယ်...ဟိုစိတ်ရှုပ်နေတာဆိုတော့ဘာလို့လဲဟင်"
"ဒီတိုင်းပါပဲ အလုပ်ကိစ္စကြောင့်ပါ"
"ဒါဆို မောင် စိတ်ရှုပ်နေရင် ကျွန်တော်ဆီလာခဲ့လေ အဟင်းဟင်း"
ပိုတောင် စိတ်ရှုပ်သေးတယ် သောက်နွားရဲ့!!!
"အဟင်းးကိုဇွဲက ကျွန်တော်စိတ်ရှုပ်တာပြေအောင် ပြုစုပေးမှာလား"
YOU ARE READING
ညို...(Completed)
Fantasy"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက် ဘယ်သူကမှ အရေးတယူ အဖတ်လုပ်နေမှာမဟုတ်ဘူး သေသွားရင်တောင်ပေါ့...." "ဟုတ်တယ် ညိုက အခြောက်!!ဖေဖေတို့ မေမ...