(Unicode)
"စောင့်ရတာ ကြာသွားလား ငါ့တူတို့"
"အာ မကြာပါဘူး ထိုင်ပါဗျ"
"အင်း ဒါဦးပြောတဲ့ Parallel ကုမ္ပဏီက အံ့ပိုင်လေ"
"ဟုတ်တွေ့ရတာဝမ်းသာပါတယ်ဗျ ကျွန်တော်က ဥက္ကာဇွဲပါ"
"ကျွန်မက မြတ်နှင်းသက်ပါ"
"ဟုတ် ကျွန်တော်လဲ ဝမ်းသာပါတယ်"
"ကဲ ဒါဆို ဦးတို့ အလုပ်ကိစ္စဆွေးနွေးကြရအောင်"
"ကောင်းပါပြီ ကျွန်တော့်ဘက်က စပြောရမယ်ဆိုရင် ညီတို့ ညီမတို့က Zayရဲ့ ဒီဇိုင်း မထုတ်ခင် ကိုယ့်ဆီကို ပို့ပေးဖို့ပဲ"
"အကျိုးအမြတ်ကကော"
"ကိုယ်တို့ဘက်က 70%ယူမယ် ညီတို့ဘက်က30%"
"ကျွန်မတို့က ခက်ခက်ခဲခဲ ဒီဇိုင်းတွေ ခိုးပြီး ပို့ပေးရမှာလေ 40%မရရင် မလုပ်နိုင်ဘူး"
"ဒါဆို ကိုယ် သူဌေးနဲ့ လှမ်းတိုင်ပင်ကြည့်ပါဦးမယ်"
"ကောင်းပါပြီ"
ခနနေတော့
"သူဌေးက လက်ခံပေးပါတယ်။ ပြီးတော့ ညီတို့ကုမ္ပဏီက Braunရဲ့ ဒီဇိုင်းအချို့ကို ပေးနိုင်ရင် 50% ပေးမယ်လို့လဲ ပြောပါတယ်"
မြတ်နှင်းသက်နှင့် ဥက္ကာဇွဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပါပြီ အစ်ကိုတို့ဘက်ကသာ တစ်ခုခုဆို ကျွန်တော်တို့ဆီ မပုံချပါနဲ့"
"စိတ်ချပါ ဒီအတွက်"
ဒါကတော့ အညိုတို့ ဧည့်ခန့်ထဲတွင်စုကာ နေ့လည်က အသံဖမ်းစက်ကို နားထောင်နေကြချင်းပင်။
"ဝါးးးငါတောင် ကိုအံ့ပိုင်နဲ့ မမိတ်ဆက်ရသေးဘူး သူတို့က လက်သွက်လှချည်လား"
"အဟက် မကောင်းတဲ့သူတွေက မကောင်းသလိုစုနေကြမှာပဲလေ"
"ညိုက ဘာဆက်လုပ်မှာလဲ"
"ကျွန်တော် ဒီလအတွက် ဒီဇိုင်း၂ခုထုတ်ပေးမယ်။ဒါပေမဲ့ အကုန်လုံးကို ပုံမှန်အတိုင်း ဒီဇိုင်း၁ခုထုတ်တယ်လို့ပဲသိစေချင်တယ်"
YOU ARE READING
ညို...(Completed)
Fantasy"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက် ဘယ်သူကမှ အရေးတယူ အဖတ်လုပ်နေမှာမဟုတ်ဘူး သေသွားရင်တောင်ပေါ့...." "ဟုတ်တယ် ညိုက အခြောက်!!ဖေဖေတို့ မေမ...