(Unicode)
"ကိုဇွဲ!သက်သာရဲ့လား"
"အင်း သက်သာပါတယ်...ဒါနဲ့ ဘာလို့ ကျွန်တော်တို့ထိုင်းကိုရောက်နေ"
"ကိုဇွဲ ခွဲစိတ်ရမယ်ဆိုလို့ မြန်မာနိုင်ငံက ဆရာဝန်တွေနဲ့ဆို တစ်ခုခုလွဲချော်သွားမှာဆိုးလို့ ကိုယ်ထိုင်းမှာပဲ စီစဥ်လိုက်တာ ဗိုက်ကထိသွားတယ်လေ။ပြီးတော့ ကိုယ်လဲ ထိုင်းကိုသွားရမှာနဲ့ တစ်ခါထဲစီစဥ်လိုက်တာ ကိုဇွဲမဟေသီကို စိတ်မပူအောင် ခရီးသွားတယ်ပဲ ပြောထားတယ်"
"အင်း ကျေးဇူးပါ"
"ဗိုက်ကခွဲတဲ့ ဒဏ်က နာသေးလားဟင်"
"ဟင့်အင်း သိပ်မနာတော့ပါဘူး"
"တော်သေးတာပေါ့"
ကျွီ~~~
"အော် ဒေါက်တာ"
"လူနာဘယ်လိုနေလဲ သက်သာရဲ့လား"
"သက်သာတယ်တဲ့ဆရာ"
"အတူနေတာတွေဘာတွေကိုတော့ ၁လလောက်နားစေချင်တယ် အဲ့ဒါမှ ချုပ်ရိုးပွင့်မှာတွေဘာတွေ မစိုးရိမ်ရမှာလေ"
"အဟင်းးဆရာကလဲ အဲ့လောက်တော့ ကိုယ်သိပါတယ် "
ဥက္ကာဇွဲ သူ့ရှေ့က လူနှစ်ယောက်ပြောနေသည်များကို နားမလည်သဖြင့် ကြည့်နေရုံသာ တက်နိုင်သည်။ဒီကောင်လေးက ထိုင်းစကားလဲ ကျွမ်းကျွမ်းကျင်ကျင်ပြောတက်နေတာပဲ။
ဆရာဝန်ကြီးက စစ်ဆေးစရာရှိတာစစ်ဆေးပြီး ထွက်သွား၏။
"ဒေါက်တာက ဘာတဲ့လဲ မောင်"
"အော် အတူနေတာတွေဘာတွေလေ တစ်လလောက်တော့ ရှောင်သင့်တယ်တဲ့ ဗိုက်က ချုပ်ရိုးပွင့်မှာဆိုးလို့လေ"
ဒါဆိုရင် အသက်နဲ့ လက်ထပ်ဖို့ကိုလဲ နောက်ရွှေ့မှဖြစ်မည်မလား။အသက်ပို့ထားတဲ့ စာတွေဖတ်ပြီးတာကြောင့် လက်ထပ်ပွဲက နောက်လထဲဆိုပေမဲ့ အခုက လကုန်ရက်ရောက်နေပြီ။ဒီတော့ နောက်လထဲ လက်ထက်ဖို့ဆိုတာမဖြစ်နိုင်။
"ဆေးရုံက ဘယ်ချိန်ဆင်းလို့ရမှာလဲ"
"နောက်တစ်ပတ် နှစ်ပတ်လောက်ဆိုဆင်းရပြီ"
နောက်တစ်ပတ် နှစ်ပတ်မှဆိုရင် သူဘယ်လိုမှ လက်ထပ်ပွဲလုပ်ဖို့မမှီနိုင်ပါ။ဒါကြောင့် လက်ထပ်ပွဲကို နောက်ရွေ့ဖို့သာ စဥ်းစားထားတော့သည်။
YOU ARE READING
ညို...(Completed)
Fantasy"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက် ဘယ်သူကမှ အရေးတယူ အဖတ်လုပ်နေမှာမဟုတ်ဘူး သေသွားရင်တောင်ပေါ့...." "ဟုတ်တယ် ညိုက အခြောက်!!ဖေဖေတို့ မေမ...