(Unicode)
"ဦး...ဦး...ဦးငယ်!!"
"ဦးငယ်က အညို casherမှာ ငွေရှင်းကတည်းက ကြည့်နေတာ ဟုတ်ပါ့ဟုတ်ပါ့မလားလို့...ဦးငယ်ကလေးလေး မတွေ့ရတဲ့ ၃နှစ်အတွင်း အရပ်လည်းထွက်လာပေါ့ကော"
ဦးငယ်က အညို့ကို စကားတွေ တရစက်ပြောနေသော်လည်း သူ့မှာ ဦးငယ်ကိုကြည့်ပြီး လက်တွေ အေးစက်လာသည်။ချွေးတွေပါ ပြန်လာသဖြင့် လူက မူးနောက်နောက်ဖြစ်လာသည်။
"ညီ...ညီ"
"ဟင် ဗျာ ကိုဇွဲ"
"ညီ့အသိလား"
ကိုဇွဲကလည်း အညို့ကိုမေးရင်း ရှေ့က ဦးငယ်ကို အကဲခတ်နေသည်။ တကယ်...တကယ်လို့သာ ကိုဇွဲ သိသွားရင် အညို့ကို ဘယ်လိုထင်မလဲ။ကိုဇွဲက အညို့ကို အရမ်းချစ်တာပဲဟာ ကိုဇွဲက အရာအရာလက်ခံပေးမယ်ဆိုတာ အညိုယုံသည်။
"အညို့ရဲ့ သူငယ်ချင်းလား သားက"
"ညီ့အိမ်ဘေးက အသိအကိုပါ"
"သြော်.."
ဥက္ကာဇွဲ သူ့ရှေ့ကရှိနေသော ညီခေါ်လိုက်သည့် ဦးငယ်ဆိုတဲ့သူကို အကဲခတ်လိုက်တော့ အသက် ၃၅ ၃၆လောက်ရှိမည်ထင်သည်။ ခန္ဓာကိုယ် တောင့်တောင့်နဲ့ ကြည့်ကောင်းသော အမျိုးသားဟာ ညီနဲ့ ဘယ်လိုများပတ်သက်ပါလိမ့်။ညီ့ကိုကြည့်တော့ ထိုအမျိုးသားကို ကြောင်အစွာရပ်ကြည့်နေသည်။သူစိတ်ထင်တာလားမသိ ညီ့လက်တွေ တုန်နေသလိုပင်။ကိုင်ကြည့်ချင်သော်လည်း သူစိမ်းရှေ့ဖြစ်သလို လူအများကြီးရှိနေသည့် နေရာမျိုးဖြစ်သဖြင့် မကိုင်တော့ပေ။ဒါကြောင့် သူကပဲ စကားပြန်စလိုက်သည်။
"ညီ မိတ်ဆက်ပေးဦးလေ"
"သူ သူက မေမေ့မောင် ကျွန်တော့်ဦးလေးလေ ဦး ကျော်စွာတဲ့... ဦး ဦးငယ် ဒါက ကျွန်တော့်အသိအကို ဥက္ကာဇွဲ"
"အိုးးးဦးငယ်ရဲ့ အညိုလေးက ဦးငယ်ကို မတွေ့တာကြာလို့ ဝမ်းသာပြီး စကားတွေတောင် တုန်နေပြီရော် လာပါဦး ဦးငယ်ဆီကို"
ဦးငယ်က အညို့အနားလျှောက်လာပြီး ပုံမှန် မိတ်ဆွေ၊ သူငယ်ချင်း၊ သားအဖတွေ ဖက်သလို ဖက်လိုက်ပြီး ကျောပြင်ကိုတော့ ဖွဖွချင်းပွတ်ပြီး နားနားလေးကပ်ကာ

YOU ARE READING
ညို...(Completed)
Fantasy"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက် ဘယ်သူကမှ အရေးတယူ အဖတ်လုပ်နေမှာမဟုတ်ဘူး သေသွားရင်တောင်ပေါ့...." "ဟုတ်တယ် ညိုက အခြောက်!!ဖေဖေတို့ မေမ...