(Unicode)
ဥက္ကာဇွဲ အိမ်ကထွက်လာပြီးမှ ဟိုကောင်လေး၏ ဖုန်းနံပါတ်မရှိတာကို သတိရသွားသည်။သူတို့MDစည်သူနှင့် ရင်းနှီးတာကို တွေ့မိသဖြင့် MDဆီဖုန်းဆက်ပြီး ဖုန်းနံပါတ် လှမ်းမေးရသေး၏။အခုရလာတဲ့ ဖုန်းနံပါတ်ကိုကြည့်ပြီး ခေါ်ဖို့ရန် ဝန်လေးနေမိသည်။မခေါ်လို့လဲ မဖြစ်တာမလို့ စိတ်ကို ဒုန်းဒုန်းချလိုက်ပြီး ခေါ်လိုက်၏။တတူတူမြည်နေသော ဖုန်းသံနှင့်အတူ သူ့ရင်ကလဲ တဒုန်းဒုန်းနှင့် စည်းချက်လိုက်စွာ ခုန်နေ၏။
"Hello"
"ဟို Braunလား"
"ဘယ်သူ"
"ကျွန်တော် ဥက္ကာဇွဲပါ"
"အော် ကိုဇွဲပြောလေ"
"ကျွန်တော်တို့ တစ်နေရာမှာ စုံလို့ရမလား"
"တွေ့မဲ့နေရာ ပို့လိုက်လေ "
"ဟုတ်ကဲ့ပါ"
မင်းဇေထက်ရန် ဖုန်းပြောနေသော ကောင်လေးကို ကြည့်ပြီး သူ့ရင်ထဲပူလောင်နေမိသည်။ကိုဇွဲလို့ခေါ်လိုက်တာကြောင့် ဟိုခွေးကောင် ဖုန်းဆက်တာသေချာသည်။တွေ့မဲ့နေရာတွေဘာတွေဆိုတော့ သွားတွေ့မလို့နေမည်။ဖုန်းချကာ အနားလာထိုင်ပြီး ဖုန်းကြည့်မပျက်သောကြောင့်
"သွားမလို့ဆို သွားလေ"
"ဘယ်သွားရမှာတုန်း"
"ဟိုကောင့်ဆီ သွားတွေ့မလို့ မဟုတ်ဘူးလား"
"ခင်များကို ဘယ်သူပြောတုန်း"
"စောစောကညိုပဲ တွေ့မဲ့နေရာပို့တွေဘာတွေ ပြောနေတာဆိုတော့လေ"
"အင်းလေ တွေ့မဲ့နေရာပို့ခိုင်းတာလေ လာတွေ့ပါ့မယ်လို့ပြောလို့လား"
"ဟမ်"
"မတွေ့ဘူးလို့ ကိုယ့်ဘာသာ ဂိမ်းရှုံးလို့ လောင်နေပါတယ်ဆို"
"အင်းအင်း ဆော့နော်။ အေးဆေးဆော့ နိုင်အောင်ဆော့ ဖိုက်တင်း!ဖိုက်တင်း!"
"ခင်များက ရွဲ့တာလား"
"မရွဲ့ပါဘူးကွာ"
"ကွာဆိုတော့ စိတ်မရှည်တာလား ခင်များက"
"မဟုတ်ရပါဘူးညိုရယ် ကဲဆော့စရာရှိတာဆော့နော်"
"အော် ခင်များက ကျွန်တော့်ကို ချော့တောင် မချော့တော့ဘူးပေါ့ စိတ်ရှုပ်နေပြီလား"
YOU ARE READING
ညို...(Completed)
Fantasy"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက် ဘယ်သူကမှ အရေးတယူ အဖတ်လုပ်နေမှာမဟုတ်ဘူး သေသွားရင်တောင်ပေါ့...." "ဟုတ်တယ် ညိုက အခြောက်!!ဖေဖေတို့ မေမ...