(Unicode)
ကျွီ~~~~~
"ဘာလုပ်နေတာလဲ မြတ်နှင်းသက်"
"မြတ်ဦး...ဟို Braun"
"ခင်များအလုပ်စားပွဲက ဟိုမှာလားလို့"
"အော် ကျွန်မဆွဲတဲ့ ဒီဇိုင်းတစ်ခုကို ပြန်ပြင်ဖို့ မမီက ခိုင်းထားလို့ပါ"
"အာ ဟုတ်သားပဲ ကိုယ်ဒီလလဲ မမြတ်နှင်းသက်ရဲ့ လက်ရာကောင်းကောင်းလေးတွေကို မျှော်နေပါ့မယ်"
"ဟုတ်ကဲ့"
"ဒါဆို ကိုယ်သွားဦးမယ်။ အော် ဒါနဲ့ မမြတ်နှင်းသက်က Nitလာတာသွားမကြည့်ဘူးလား"
"ကျွန်မဗိုက်အောင့်နေလို့ပါ"
"ဟုတ်ပါပြီ ဂရုစိုက်ဦးပေါ့ဗျာ"
"ဟုတ်"
Braunအခန်းထဲက ထွက်သွားမှ တုန်နေတဲ့ ရင်တွေရပ်သွားတော့သည်။ပြီးတော့လုပ်စရာရှိတာဆက်လုပ်ကာ နေရာမှာ ဟန်မပြတ်ပြန်ထိုင်လိုက်၏။
အညို နောက်တစ်နေရာသို့ ဦးတည်သွားလိုက်သည်။
"ကိုဥက္ကာဇွဲပါ့လား"
"အော် Braun"
"ကိုဥက္ကာဇွဲလဲ ဒီခေါင်မိုးထပ်ကို လာနေကြလား"
"ဟုတ်တယ်ဗျ ကျွန်တော်က စိတ်လှုပ်ရှားတက်တယ်လေ။ အဲ့လိုအချိန်ဆို ဒီလို တိတ်ဆက်တဲ့နေရာမျိုးမှာ လာနေတက်တယ်။ အင်း တစ်စုံတစ်ယောက်က အဲ့လိုနေရင် စိတ်လှုပ်ရှားတာသက်သာတယ်လို့ ပြောခဲ့ဖူးလို့လဲ ပါမှာပေါ့"
"ကိုယ်နဲ့တူတာပဲ ကိုယ်လဲ စိတ်လှုပ်ရှားရင် တိတ်ဆက်တဲ့နေရာမှာနေရတာကြိုက်တယ်လေ"
"အင်း အဲ့တစ်ယောက်နဲ့Braunက သိပ်တူတာလေ"
"အဲ့တစ်ယောက်?အော် မြတ်ဦးညို?"
"Braunတောင် နာမည်သိနေပြီပဲ"
"ကိုယ့်ကို သူနဲ့လွဲတာ ၄ယောက်ရှိပြီလေ"
"၄ယောက်?"
"ကိုဥက္ကာဇွဲရယ်၊မမြတ်နှင်းသက်ရယ်၊ ဌာန၂က ကောင်မလေးလေ နာမည်တော့မသိပါဘူး သူရယ်၊ သူ့ကောင်လေးရယ်"
"အော်"
"သူ့ပုံရှိလား ကိုယ်ကြည့်ချင်တယ် ကိုယ်နဲ့တူတဲ့သူဆိုတော့ ဘယ်လောက်များတူလဲဆိုတာ"
YOU ARE READING
ညို...(Completed)
Fantasy"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက် ဘယ်သူကမှ အရေးတယူ အဖတ်လုပ်နေမှာမဟုတ်ဘူး သေသွားရင်တောင်ပေါ့...." "ဟုတ်တယ် ညိုက အခြောက်!!ဖေဖေတို့ မေမ...