(Unicode)
Zay ကုမ္ပဏီရှိ ဝန်ထမ်းများ အကုန်ယောက်ယပ်ခပ်နေကြသည်။ကုမ္ပဏီထဲဝင်ဝင်ချင်း reception က ဝန်ထမ်းတွေကအစ သန့်ရှင်းရေးဝန်ထမ်းတွေအဆုံး အလုပ်စဝင်ထဲက အခုလို ပြာယာခပ်နေတာ မမြင်ဖူးတာကြောင့် ကုမ္ပဏီရှေ့တွင် ဆုံ၍ အတူလာသော ဌာနတစ်ခုတည်းက စီနီယာအမကို စပ်စုကြည့်မိသည်။
"အစ်မ ဒီနေ့ဘာရှိလို့လဲဟင်"
"အော် ဒီနေ့ အစ်မတို့ Zayရဲ့ CEO ကိုရီးယားကနေ ပြန်လာမှာလေ။ ရှယ်ယာဝင် အစည်းအဝေးကော ဌာနပိုင်းဆိုင်ရာ အစည်းအဝေးကော ရှိနေတော့ အခုလို ပြာယာခပ်နေကြတာ"
"အော်"
"CEOက လွန်ခဲ့တဲ့ ၅နှစ်လောက်ကစပြီး ကိုရီးယားက ရုံးခွဲမှာ သွားထိုင်နေတာလေ။အခုမှ မြန်မာကရုံးချုပ်ကို ပြန်လာထိုင်တာ။ကြားရတာတော့ CEOဒီမှာပဲ ပြန်အခြေချဖို့ ပြန်လာတာဆိုလား မသိပါဘူး တစ်ယောက်တစ်မျိုး ပြောနေကြတာပါပဲ"
"CEOက အသက်ကြီးကြီးလား အစ်မ"
"ဘယ်ကသာ၊ အင်း... ကေကေတို့နဲ့ ရွယ်တူမဟုတ်ရင် အလွန်ဆုံးကြီး တစ်နှစ်ပဲ"
"အသက်ငယ်ငယ်လေးနဲ့ တော်တော်ကို တော်လို့ အောင်မြင်နေတာနဲ့ တူတယ်နော် အစ်မ"
"အင်း အစ်မတို့ဌာနက Leaderလေ Aceကိို သိတယ်မလား"
"ဟုတ် သိတယ်"
"သူလဲ ကိုရီးယားက ပြန်လာတဲ့သူပဲလေ။ CEOနဲ့ ညီအစ်ကို တော်တယ် ပြောကြတာပဲ"
"ကေက Aceကို အရမ်းသဘောကျတာ။ ကေ့ရဲ့ မြင်ဆရာဆိုလဲ မမှားဘူးလေ။ သူYoutubeမှာ ချုပ်ပုံချုပ်နည်းတွေ တင်ထားတဲ့ ဟာတွေဆို ကေရော ကေ့မေမေကောက တစ်ခုမှ မလွတ်ဘူး။အခုတောင် Aceလက်အောက်မှာ လုပ်ရလို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူနေတာ။ Youtubeမှာက Aceက သူ့ကိုယ်သူ ရုပ်ကိုမပြတော့ အခုမှမြင်ဖူးတာ။ ဒါလဲ အစ်မဝတီပြောမှ သိတာ...Aceကလဲ တကယ့်ငယ်ငယ်လေး ရှိသေးတာနော်"
"Aceက တကယ်တော်တဲ့ createrတစ်ယောက်....အမတို့ ကုမ္ပဏီမှာ VIP designerတစ်ယောက် ရှိတယ်လေ သိလား"
"သိတာပေါ့ Zayဆိုရင် Braun ကိုပဲ တွဲမြင်ပြီးသားဟာကို"
"Braunကိုတော့ အစ်မလဲ မမြင်ဖူးဘူးရယ်။ ဘယ်သူမှလဲ မမြင်ဖူးကြဘူး။ ဥပမာ အခု ကိုယ့်ဘေးမှာ ရပ်နေတာ Braunဆိုရင်တောင် ဘယ်သူမှ သိကြမှာမဟုတ်ဘူး"
YOU ARE READING
ညို...(Completed)
Fantasy"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက် ဘယ်သူကမှ အရေးတယူ အဖတ်လုပ်နေမှာမဟုတ်ဘူး သေသွားရင်တောင်ပေါ့...." "ဟုတ်တယ် ညိုက အခြောက်!!ဖေဖေတို့ မေမ...