🍀Part-44🍀

36.3K 3K 209
                                    

(Unicode)

လက်မောင်းကို ရှပ်မိရုံတင်ခိုက်မိသော်လည်းပုံမှန်ဆို ဆေးရုံတက်စရာ မလိုပေ။ သို့သော်လည်း

"ခင်များအတွက် ပြောနေတာ.....တကယ်လို့ အိမ်မှာနေပြီး ဂရုမစိုက်ရင် မေးခိုင်ပိုးဝင်မယ်။ ဝင်ပြီဆိုတာနဲ့ ခင်များလက်က ဖြတ်ပစ်ရမှာအသေအချာပဲ...အေးဖြတ်ပစ်ရရင်တော့ ကျွန်တော်က ပလစ်လိုက်ပြီ ခင်များကို"

ငြင်ငြင်သာသာ ဆုံးမစကားကြောင့် ဆေးရုံတွင်သောင်တင်နေသည်မှာ ၂ရက်ရှိလေပြီ။ဆေးရုံတက်နေသည့် တစ်လျှောက်လုံး အနားကနေ ဂရုစိုက်ပေးသည့် ကောင်လေးရှိနေသည့်အတွက် ဆေးရုံအနံ့မခံနိုင်သောသူက အခုတော့ ဆေးရုံကနေပင် မဆင်းချင်တော့။

"ဟလေ ခင်များပါးစပ်က"

"ဟနေတာပဲကို"

"ကျယ်ကျယ်ဟ"

"အင်းအင်း ဟပြီ အာ"

ဘယ်ဘက်လက်ကို ခိုက်မိသော်လည်း ညာလက်နှင့် ဇွန်းမကိုင်နိုင်ဘူးဆိုသည့် ပလီတိခြောက်ချက် အလိမ်အညာစကားကိုသုံးပြီး အညို့ကို ခွံ့ကျွေးစေသည်။အလိမ်အညာဆိုပေမဲ့လဲ အညိုကိုယ်တိုင်က ဒီလူကြီးကို အခုလို သေချာဂရုစိုက်ပေးချင်တာကြောင့် မသိချင်ယောင်ဆောင်ပေးလိုက်ပါသည်။

ဒေါက်!ဒေါက်!

"ဝင်ခဲ့ပါ"

"ဟာ ကေကေ ဘယ်ကနေဘယ်လိုရောက်လာတာလဲ"

"Aceကိုမေးကြည့်လိုက်တာ။ နင်ရုံးလာတာ မတွေ့မိလို့လေ အဲ့ဒါ CEOဆေးရုံတက်နေတယ်ပြောလို့ လူနာလဲလာမေးရင်း နင်နဲ့လဲ ပြောစရာလေးတွေရှိလို့"

"အော် အင်းအင်း ဒါဆို လူကြီး"

"သွားလေ သူငယ်ချင်းနဲ့စကားသွားပြောချည် ကုန်ခါနီးပီပဲ ကိုယ့်ဘာသာစားလိုက်ပါ့မယ်"

"ဟာ ကိုယ့်ဘာသာ စားလို့ဘယ်ဖြစ်မလဲ ကိုထိုက် ကူညီပေးပါဥိးနော်"

"အင်းအင်း"

အညိုတို့ ထွက်သွားတော့ အလင်းထိုက်က ရှေ့က လူနာစောင့်သည့် ထိုင်ခုံပေါ်တွင်ထိုင်ကာ စားပွဲပေါ်က လက်ကျန် ထမင်းပန်းကန်ကို ယူလိုက်၏။

ညို...(Completed)Where stories live. Discover now