(Unicode)
5လကြာသော်
ဒီ၅လလုံး အညို ကိုရီးယားမှာ ပြန်နေဖြစ်သည်။သူနေတော့ ထူးထူးတို့ပါ ပါလာသည်။ဟိုတစ်ခါလို ဖြစ်မည်ဆိုး၍ အညို့ကို တစ်ယောက်ထဲ မလွှတ်တော့ချေ။ကိုကိုကတော့ သွားလိုက်ပြန်လိုက်နှင့် ကိုရီးယားနှင့် မြန်မာပြည်ကို အသွားအလာလုပ်နေသည်။စနေတနင်္ဂနွေ ပိတ်ရက်ဆို ရောက်လာလေသည်။၅လဒီမှာလာနေရတာကလည်း ဥက္ကာဇွဲ လက်ထပ်ပြီးခါစ လွတ်လွတ်လပ်လပ်နေရအောင်ပင်။အခု၅လ ကျော်ပြီဆိုတော့ သူတို့ပျော်ရွှင်ချိန်လေး လုံလောက်ပြီဟု အညိုထင်သည်။
"မနက်ဖြန်ပြန်ရအောင်"
"ပြန်ရင် ဥက္ကာဇွဲနဲ့ မတွေ့ဘူးလို့ ကတိပေး"
"တစ်ခေါက်တော့ သွားတွေ့ရဦးလေ...ငါမှမင်္ဂလာဆောင်လက်ဖွဲ့ မပေးရသေးတာ"
"မြတ်ဦး...ငါစိတ်တိုလာပြီနော်"
"တိုတိုလေ ငါကတော့ ငါလုပ်စရာရှိတာ လုပ်မှာပဲ။ ကေကေ ကိုထက်မြတ်ဆီ ဖုန်းဆက်ပေးပါဦး"
မျက်နှာတွင် Maskကြီး ကပ်ကာ စကင်းကဲနေသော ကေကေ့ကို လှမ်းပြောတော့ ဖုန်းကို ပစ်ပေးလာသည်။ထူးထူးကတော့ မျက်စောင်းထိုးပြီး ဘာမှမပြောတော့ပေ။
"Hello ကိုထက်မြတ်"
"အင်း အညိုပြောလေ"
"ကျွန်တော်ပြောထားတာလေး အဆင်ပြေရဲ့လား"
"အင်း ပြေတယ်....အညိုများးး"
"ဟာ မဟုတ်ပါဘူး ကိုထက်မြတ်ရာ...အဲ့ဆေးတွေပဲ ပုံမှန်သောက်နေရင် သေချာပြီမလား"
"အင်း အညို ၅လလောက်ရှိပြီဆိုတော့ ကောင်းကောင်းနေရာကျသွားပါပြီ"
"အိုကေ အိုကေ...ကိုထက်မြတ်ရဲ့ အချစ်နဲ့ကောပြောဦးမှာလား"
"အင်း ပေးလိုက်ပါဦး"
"ရော့ ကေကေ"
ကေကေ့ကို ဖုန်းပေးခဲ့လိုက်ပြီး အညိုအခန်းထဲဝင်ကာ အဝတ်အစားတွေနဲ့ လိုအပ်တာတွေထည့်နေတုန်း ထူးထူးက ဝင်လာသည်။
"ငါ့ကို မျက်စိအောက်က အပျောက်မခံနိုင်အောင်ကို ဖြစ်နေတာလား ထူးနောင်"
YOU ARE READING
ညို...(Completed)
Fantasy"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက် ဘယ်သူကမှ အရေးတယူ အဖတ်လုပ်နေမှာမဟုတ်ဘူး သေသွားရင်တောင်ပေါ့...." "ဟုတ်တယ် ညိုက အခြောက်!!ဖေဖေတို့ မေမ...