(Unicode)
"မြတ်ဦးညို!မြတ်ဦးညို"
အောက်ထပ်က ပြဲလန်နေအောင် အော်သံကြောင့် မင်းဇေထက်ရန် အတော်ကို စိတ်တိုနေမိပြီ။မနေ့ကလဲ ဒီလိုအစောကြီးရောက်လာ၊ ပြီးရင် တစ်နေကုန် ညို့အနားပဲကပ်နေပြီး ညနေစောင်းမှသာ အိမ်သို့ ပြန်သွားသည်။အခုလဲ မိုးမလင်းသေးဘူး ရောက်လာပြန်ပြီ။ညို့ကြောင့်သာ မဟုတ်ရင် ဒီကောင်သူ့လက်ချက်နဲ့သေပြီပဲ။
(ရှင်ကလဲ အကုန်သတ်ချင်နေတော့တာပဲ..ဒါဒါလေးတို့မှာကော ဒီလိုသဝန်တိုတက်တဲ့ဘဲရှိလား)
"ညို...ညိုလေး ထတော့ ညို့သူငယ်ချင်းရောက်နေပြီ"
"အင်းးးခနလေး"
နှိုးတာကို မျက်လုံးဖွင့်မလာပဲ ပါးစပ်ကပဲပြောပြီးရင်ခွင်ထဲ တိုးဝင်ကာ အိပ်နေသောကောင်လေးကြောင့် သူ့မှာ ဆက်ပြီး မနိုးချင်တော့။သို့သော်လည်း မနိုးလို့ကမဖြစ်...ဒီနေ့ ကောင်လေးရဲ့သူငယ်ချင်းဆုံးတာ ၉လပြည့်မလို့ မိဘမဲ့ကျောင်းသို့သွားရန် စီစဥ်ထားသောကြောင့် အအိပ်မက်သော ကောင်လေးအား သူအတင်းနှိုးရပေတော့သည်။
"မြတ်ဦးညို...မင်းကလဲ ကြာလိုက်တာကွာ"
"Sorry sorryစောင့်ရတာ ကြာသွားလား"
"သိပ်မကြာပါဘူး ၁နာရီလောက်"
"ဟီး"
သူငယ်ချင်းကို မျက်နှာချိုသွေးကာ ပြုံးပြနေသော ကောင်လေးက တကယ်ကို လှရက်လွန်းသည်။မိုနာလီဇာအပြုံးကလှတယ်ဆိုတာ ကောင်လေး စိတ်ဆိုးနေလို့ နှုတ်ခမ်းလေးဆူတာလောက်ပင် လှမယ်လို့ သူ မထင်ပါ။
မိဘမဲ့ကျောင်းကို အလှူသွားလုပ်မှာမလို့
ပုဆိုးဝတ်ထားတာဖြစ်မည်။ပန်းနုရောင် shirtလက်ရှည်နဲ့ နီညိုရောင်ပုဆိုးစိပ်လေးတွဲဝတ်ထားတဲ့ကောင်လေးဟာ ချောမောလွန်းလှသည်။"ဆရာ...မျက်တောင်လေးလဲခက်ပါဦး ဟိုမှာ အညိုလေးမနေတက်တော့ဘူး"
"ခင်များကလဲနော် ကျွန်တော့သူငယ်ချင်းကို
ကြည့်နေတာ မျက်လုံးကြီး ကျွတ်ထွက်တော့မဲ့အတိုင်းပဲ""အဟမ်း သွားမယ်လေ နောက်ကျရင် ပြန်အလာမှောင်လိမ့်မယ်"
ရှက်ရမ်းရမ်းကာ ထွက်သွားသော လူကြီးကို ကြည့်ပြီး ပြုံးမိသည်။အစ်ကိုထိုက်တို့ သုံးယောက်ကတော့ ခွက်ထိုးထွက်လန် ရီနေကြလေ၏။ဟိုကသိရင် ဆောင်နေကြဓားနဲ့ လည်လှီးသတ်တာခံနေရဦးမည်။
VOUS LISEZ
ညို...(Completed)
Fantasy"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက် ဘယ်သူကမှ အရေးတယူ အဖတ်လုပ်နေမှာမဟုတ်ဘူး သေသွားရင်တောင်ပေါ့...." "ဟုတ်တယ် ညိုက အခြောက်!!ဖေဖေတို့ မေမ...