🍀Part-23🍀

41.5K 3.7K 278
                                    

(Unicode)

အညို ဒီအိမ်ကြီးကို ရောက်နေတာ ၂လ တောင်
ပြည့်ရော့မည်။အိမ်တော်ထိန်း ဒေါ်စောကလည်း သူ့ကို သားအရင်းတစ်ယောက်လို ဂရုစိုက်တဲ့အတွက် ကြီးဆန်းကိုပင် သတိရမိ၏။ အကိုထိုက်ကလည်း အားတဲ့အချိန်တိုင်း သူ့ဆီလာပြီး အဖော်ပြုပေးသည်။အကိုဟိန်းကို စရောက်တုန်းက ရုပ်တည်ကြီးနဲ့မို့ ရှိန်မိသော်လည်း အခုတော့ အရင်လောက်သိပ်မရှိန်တော့။မင်းဇေထက်ရန်ဆိုသည့်လူကြီးကတော့ သူ့ကို ကိုဇွဲဂရုစိုက်တယ်ဆိုတာ မေ့သွားရအောင်ထိကို ဂရုစိုက်ပေးသည်။

ဒီ ၂လ အတွင်း အညို့မိဘတွေအကြောင်း​ကို စုံစမ်းဖို့ မင်းဇေထက်ရန်ဆိုသည့်လူကြီးက ကူညီပေးသည်။ ကြီးဆန်းတို့က မကွေးမှာရှိသည့် ဖွားဖွားပေးခဲ့တဲ့အိမ်နဲ့ခြံကိုရောင်းလိုက်ပြီး ဖေဖေတို့နဲ့ အန်တီခင်ကို ရောင်းရငွေတစ်ဝက်စီပေးလိုက်သည်တဲ့။ကားကိုလဲ ဖေဖေတို့ကို ပေးလိုက်ကြောင်းနဲ့ သူတို့လင်မယားကတော့ နတ်မောက်ဘက်က ရွာလေးမှာ ပြန်နေသည်။ဒါတွေကို ဖွားဖွားရဲ့ ရှေ့နေဆီကနေ အကုန်သိရသည်။ရှေ့နေကြီးကတော့ အညိုအသက်ရှင်နေသည်ဆိုတာကို သိရတော့ အရမ်းဝမ်းသာပြီး ဖေဖေတို့ကို အကြောင်းကြားမည် လုပ်နေသဖြင့် တားလိုက်ရသေးသည်။ အညိုအသက်ရှင်နေသည်ဆိုတာ ဘယ်သူ့ကိုမှ အသိမပေးချင်သောကြောင့် သေလူအနေနဲ့သာ ရှင်သန်ချင်သည်။

"ညိုက ဒီမှာထိုင်နေတာလား ကိုယ်ကလိုက်ရှာနေတာ"

"ဘာလို့ကျွန်တော့ကိုလိုက်ရှာနေတာလဲ"

"ဒီမှာလေ ဟိုနေ့က ညိုမာလာရှမ်းကောစားချင်တယ်ဆိုပြီး အလင်းထိုက်ကိုပြောနေတာကြားလို့ ကိုယ်ဝယ်လာပေးတာ"

ခင်များကော ကျွန်တော့ ခန္ဓာကိုယ် အသွေးအသားကိုလိုချင်လို့ ဒီလောက် ဂရုစိုက်နေတာလား!

"လာသွားရအောင်လေ။ ပြီးရင် ညိုနဲ့သွားစရာရှိသေးတယ် ညိုလိုအပ်တဲ့ ပစ္စည်းတွေနဲ့ အဝတ်အစား ၂စုံ၃စုံလောက်ထည့်ခဲ့"

"ဘယ်သွားမလို့လဲ"

"ညိုရောက်ရင် ပျော်သွားလိမ့်မယ်"

"ညို့ကို ရောင်းမစားဘူးမလား"

"ပေါက်တက်ကရကွာ မရောင်းစားပါဘူး"

ညို...(Completed)Où les histoires vivent. Découvrez maintenant