(Unicode)
"Braun!!"
"CEO"
"သြော် Braun အသိတွေနဲ့တွေ့လို့လား"
"ဟို ဟင့်အင်း ကျွန်တော်မသိပါဘူး"
"ဟင့်အင်း နင်ညာနေတာ အညို....နင်က မြတ်ဦးညိုဆိုတာ ငါသိတယ်လို့"
အညို့ရင်ခွင်ထဲဝင်ကာ တင်းနေအောင်ဖက်ထားပြီး ရှိုက်ကြီးတငင် ငိုနေသောကောင်မလေးကို မြင်မှ အလင်းထိုက်သတိရသည်။ဒါသူစုံစမ်းခဲ့ဖူးသည့် အညို့သူငယ်ချင်းဆိုတာပင်။ဒါကြောင့် ဟိုတစ်ခါထဲက မြင်ဖူးတယ်ဆိုပြီး ဖြစ်နေတာ။ဆရာကတော့ မှတ်မိပုံမပေါ်...အညို့ကို ဖက်လို့ ဒေါသတွေ ထွက်နေပုံရ၏။
"ကေကေ လာ အေးအေးဆေးဆေး စကားပြောရအောင်နော်"
"ဟင့် ကိုကို ဒါအညိုဆိုတာ ကေကေသိတယ်"
"မြတ်...အင်း ဒီက ညီလေးလဲ အကိုတို့နဲ့ ခဏလောက်လိုက်ခဲ့ပေးပါ့လား"
မင်းဇေထက်ရန် လိုက်မသွားချင်ပါ။ဘာလို့ဆို မိမိရှေ့က ကောင်လေးက ရင်ခွင်ထဲဝင်နေသည်ကိုပင် တွန်းမထုတ်ပဲ ဂရုဏာသက်သည့်
အကြည့်တွေနဲ့ ကြည့်နေတာမလား။ဘယ်လိုတွေ ပတ်သက်လို့ အခုလိုထိ ဖြစ်နေတာလဲဆိုတာ တွေးမရပေ။"ဆရာ အဲ့ဒါ အညို့ သူငယ်ချင်းလေ မကွေးက။ ဘေးက သူ့ကောင်လေး"
အလင်းထိုက်ပြောမှ အနည်းငယ် သက်သာသွားသလို ဖြစ်သွားသည်။ထို့နောက် အလင်းထိုက်တို့ကို သက်သက်ပြန်လွတ်လိုက်ပြီး အညိုနဲ့မင်းဇေထက်ရန်ကတော့ ခန့်ကေသာဟန်တို့နဲ့ ထွက်လာခဲ့၏။
ရှေ့က ထွက်သွားတဲ့ ကားလေးနောက်ကိုသာ လိုက်ရင်း မင်းဇေထက်ရန် မောင်းလာလိုက်သည်။ဘေးကနေ လိုက်စီးလာသည့် ညို့ကိုကြည့်တော့ ကားမှန်ကနေတဆင့် အပြင်ကို ညိုးငယ်စွာငေးနေ၏။
ကားလေးက ဆိတ်ငြိမ်ရပ်ကွက်တစ်ခုအတွင်းဝင်သွားပြီး တစ်ထပ်တိုက်ပုလေးရှေ့သို့ ရပ်သွားတာကြောင့် မင်းဇေထက်ရန်လဲ နောက်နားကနေ လိုက်ရပ်လိုက်၏။
"လာညီတို့"
"အညို လာနော်။ ငါနင့်ကို အရမ်းလွမ်းနေတာ"
စောစောက ဝမ်းနည်းနေသည်နှင့် ခြားနားစွာ တက်ကြွနေပြန်သော ကေကေ့ကိုကြည့်ပြီး အညိုတစ်ယောက်နားမလည်နိုင်။
YOU ARE READING
ညို...(Completed)
Fantasy"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက် ဘယ်သူကမှ အရေးတယူ အဖတ်လုပ်နေမှာမဟုတ်ဘူး သေသွားရင်တောင်ပေါ့...." "ဟုတ်တယ် ညိုက အခြောက်!!ဖေဖေတို့ မေမ...