(Unicode)
အညို ထူးထူးအိမ်ကို လျှောက်လာတဲ့တစ်လမ်းလုံး နောက်ကလူတစ်ယောက်လိုက်နေတယ်လို့ ခံစားရတာကြောင့် ကိုင်ရိုက်ထားသလို နုံးကျိနေသည့် ခန္ဓာကိုယ်အား လစ်လျူရှုကာ ခပ်မြန်မြန်လျှောက်လိုက်၏။
ဒုတ်!!!!
"အား!!!"
"သူဋ္ဌေးရှင်းပြီးပါပြီ"
"မြို့ပြင်ကိုသွားလွှင့်ထားလိုက် ပြီးရင်မင်းရှောင်နေလိုက်တော့"
"ဟုတ်"
သူဋ္ဌေးဆီက ဖုန်းချပြီး ရှေ့တွင်လဲနေသော ခန္ဓာကိုယ်ကို သယ်ကာ ကားနောက်ခန်းထဲကို ထည့်လိုက်သည်။ထို့နောက် မောင်းသူနေရာတွင် ဝင်ထိုင်လိုက်ပြီး နောက်ခန်းထဲတွင် သတိမေ့နေသူအား လှမ်းကြည့်လိုက်၏M
"တောင်းပန်ပါတယ်"
ကားကို မြို့ပြင်သို့ ဦးတည်ကာမောင်းလိုက်သည်။
မနက်စာစားနေသော ထမင်းဝိုင်းတွင် မိသားစုနှစ်စုပျော်ရွှင်စွာ စားသောက်နေကြ၏။
ကလင်~~~ကလင်~~~ကလင်
"ဟယ်လို"
"ဒါဦးမြတ်သူတို့အိမ်ကလားဗျ"
"ဟုတ်ပါတယ် ဘာကိစ္စရှိလို့လဲဗျ"
"ဦးမြတ်သူသား မြတ်ဦးညိုရဲ့ အလောင်းကို မြို့ပြင်မှာတွေ့ရလို့ လှမ်းအကြောင်းကြားလိုက်တာပါ မှန်မမှန်လာပြီး ကြည့်ပေးပါဗျ"
"ကျွန်တော့မှာ ဘယ်သားမှမရှိတာမလို့ လူမှားတာဖြစ်ပါလိမ့်မယ်"
"ဒါပေမဲ့ ကျွန်တော်တို့လက်ထဲမှာ သေဆုံးသူရဲ့ မှတ်ပုံတင်..."
"တခြားထွေထွေထူးထူးမရှိရင် ဒါပါပဲဗျ"
ဖုန်းကိုချလိုက်ပြီး ထမင်းစားခန်းထဲ ပြန်ဝင်လာလိုက်သည်။အမျိုးသမီးဖြစ်သူက အခြေအနေလှမ်းကြည့်တာကြောင့် ခေါင်းတစ်ချက်ရမ်းပြလိုက်ပြီး
"ဘာမှမဟုတ်ဘူး ဖုန်းမှားလာတာ"
"အင်းအင်း"
ထမင်းစားသောက်ပြီး ဧည့်ခန်းထဲတွင် လူကြီးတွေစုထိုင်လိုက်ပြီး သမီးကြီး စေ့စပ်ပွဲအတွက် တိုင်ပင်နေတုန်း
YOU ARE READING
ညို...(Completed)
Fantasy"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက် ဘယ်သူကမှ အရေးတယူ အဖတ်လုပ်နေမှာမဟုတ်ဘူး သေသွားရင်တောင်ပေါ့...." "ဟုတ်တယ် ညိုက အခြောက်!!ဖေဖေတို့ မေမ...