🍀Part-32🍀

39.9K 3.6K 157
                                    

(Unicode)

တီ!!

ဓာတ်လှေကားထဲကအထွက် မြင်ရသည့် မြင်ကွင်းကြောင့် အလင်းထိုက် မျက်မှောင်ကြုံ့မိ၏။အစ်ကိုဟိန်းနှင့် မိန်းကလေးတစ်ယောက် ရီမောစွာ စကားပြောနေကြသည်။ထိုမိန်းကလေးကလည်း အစ်ကိုဟိန်းအား လက်မောင်းကိုင်လိုက် ပုတ်လိုက်လုပ်နေတာ ပတ်ဝန်းကျင်ကိုတောင် ဂရုစိုက်ပုံမရ။သူ့အသားကို ထိရင်မကြိုက်တဲ့ အစ်ကိုဟိန်းက အခုတော့ မျက်နှာကြီးကို ဖြီးလို့နေသည်။ကြာကြာရပ်ကြည့်မနေချင်တာကြောင့် အကြည့်ကိုလွှဲကာ ဘေးကနေ မသိချင်ယောင်ဆောင်ပြီး ထွက်လာခဲ့သည်။

"အလင်းထိုက်!!"

နောက်ကခေါ်နေတဲ့အသံကိုကြားပေမဲ့ မကြားချင်ယောင်​ဆောင်ပြီးသာ ကားပါကင်သို့ထွက်လာခဲ့၏။ကားတံခါးကို ဖွင့်မည်အပြု လက်ကို
ဆောင့်ဆွဲပြီး ခန္ဓာကိုယ်ကို ကားနဲ့ကပ်တာ ခံလိုက်ရသည်။

"ဘာလုပ်တာလဲ!"

"မင်းကို ငါခေါ်နေတာလေ"

"ကျွန်တော်မကြားလို့"

"ခြေတစ်လှမ်းစာလောက် အကွာအဝေးကနေ ငါခေါ်တာ မကြားလို့တဲ့လား"

"အင်း ကျွန်တော် အာရုံများနေလို့"

"စောစောက ငါ့ညီမတစ်ဝမ်းကွဲ အခုမှ အလုပ်ဝင်တဲ့အသစ်လေ"

"အဲ့ဒါ ကျွန်တော်နဲ့ ဘာဆိုင်လဲ"

ညီမဝမ်းကွဲမှန်းမသိပဲ သဝန်တိုနေရလား အလင်းထိုက်ရဲ့။ခယ်မလေး အမြင်အကြည်ရင်
ဘယ်လိုလုပ်မလဲ!!!

"အဟမ်း ငါ့ညီမကလဲ မင်းညီမပဲဆိုတော့ မင်းကို ဂရုစိုက်ပေးဖို့ ပြောမလို့လေ"

"ခင်များနဲ့ ကျွန်တော်က ဘာမလို့ ခင်များညီမက ကျွန်တော့်ညီမ ဖြစ်ရမှာလဲ"

ဂရုစိုက်ပေးရမှာပေါ့ ကိုယ့်ခယ်မလေးပဲဟာကို ခင်များမပြောလဲ သေချာဂရုစိုက်ပေးမှ!!

"ငါတို့က! ငါတို့က လုပ်ဖော်ကိုင်ဖက်တွေလေ"

"အော်!  ဒါပဲမလား ကျွန်တော်သွားတော့မယ် ဆရာခိုင်းထားတာရှိသေးလို့"

ထွက်သွားသော ကားလေးကိုကြည့်ပြီး ဘာကို အလိုမကျဖြစ်နေတယ်ဆိုတာ သူကိုယ်တိုင်လဲ မသိပေ။ဆံပင်များကိုသာ ဆွဲဖွလိုက်ပြီး သက်ပြင်းချမိ၏။ဟိုနေ့က မတော်တဆ ဖြစ်ပြီးကတည်းက ထိုငတိ သူ့ကို ကန့်လန့်တိုက်ကာ အကန်တွေ ပြောနေခြင်းပင်။ထိုနေ့က အော်မိတာ သူ့အမှားဆိုပေမဲ့ ပြန်တောင်းပန်ပြီးပြီပဲ အဲ့ဒါကို အခုထိ စကားမပြောပဲနေနေတာက သူ့ကိုပိုပြီးစိတ်အနှောက်အယှက်ဖြစ်စေသည်။

ညို...(Completed)Hikayelerin yaşadığı yer. Şimdi keşfedin