ရှောင်ကျန့်သူ့သမီးငယ်ကိုကျောင်းသွားကြိုရန်ဝမ်ရိပေါ်ဆီကခွင့်ပြုချက်တောင်းဖို့တွေးလိုက်သည်။ ဝမ်ရိပေါ်ရဲ့ သူ့ကိုအော်ဟစ်ကြိမ်းမောင်းနေခြင်းတွေက သူ့သမီးကိုဘယ်လောက်စိတ်ဒဏ်ရာရစေမလဲ ဆိုတာသူကောင်းကောင်းသိသည်။ သူ့ကိုရိုက်နှက်နေတာတွေ သူမကိုမမြင်စေချင်တော့ဘူး သူ့အဖေရဲ့ဆိုးသွမ်းမှုကြောင့် သူမစိတ်ဒဏ်ရာရနေတယ်ဆိုတာရှောင်ကျန့် ကောင်းကောင်းသိတာကြောင့် ရှောင်ကျန့်အိမ်မှာသာအနားယူနေလိုက်သည်။ သူ့ကိုရိုက်ထားတဲ့ဒဏ်ရာတွေ၊အထူးသဖြင့်သူကခါးပတ်နဲ့ ရိုက်တဲ့ဒဏ်ရာတွေကြောင့် ပင်ပန်းနေပေမယ့် သူ့ယောက်ျားရဲ့ သည်းခံနိုင်စရာမကောင်းတဲ့ အုပ်ချုပ်မှုတွေကိုသူနာခံခဲ့ပါသည်။
ရှောင်ကျန်မနက်ဆိုထပြီးသူသမီးကိစ္စတွေနဲ့ မနက်စာကိုလုပ်ပေးသည်။ ထိုအခြေခံအလုပ်တွေကအစ ဝမ်ရိပေါ်ကကူညီပြီး အိမ်မှုကိစ္စတွေကိုမလုပ်ခိုင်းပေ။ သူလိုအပ်တာကသူရဲ့လှပတဲ့ဇနီးလေးကိုသူကြည့်နေဖို့ပင်။ သူ့မျက်လုံးထဲမှာ သူ့အိမ်သားလေးကအရမ်းလှသည်။ အိမ်ကယောက်ျားလေးအစေခံတွေကိုလည်း ရှောင်ကျန့်၏ အသားလေးကိုပင်မထိစေရန်သတိပေးသည်။ ဒါကိုရှောင်ကျန့်ကလဲနာခံပါသည်။ အစေခံတွေထဲမှာ မိန်းကလေးအစေခံတစ်ယောက်မှမပါပေ။
သူ့ရဲ့ ကိုယ်ရံတော်ကိုဝမ်ရိပေါ်က သူ့အိမ်သား အပြင်မထွက်ရန်စောင့်ကြည့်ဖို့အမိန့်ပေးထားကာ ခြံစောင့်နှင့် ကိုယ်ရံတော်တွေကလဲ နည်းနည်းလေးမှတောင်အလွတ်မပေးပဲသူ့ကိုစောင့်ကြည့်၏။ ရှောင်ကျန့်ကသူ့ ခင်ပွန်းမှာထားတဲ့အတိုင်း စားသောက်ပြီးတာနဲ့ အိမ်ထဲမှာပဲတစ်နေကုန်ထိုင်နေသည်။ တစ်ခါတစ်ရံ တစ်နေ့လုံး အိပ်ပျော်သွားပြီး ကျောင်းဆင်းချိန်မှ bodyguard ကကလေးကိုကျောင်းကြိုလာ၏။ ထိုအချိန်ဆို ရိပေါ်လဲကုမ္မဏီ ကနေပြန်ရောက်လာသည်။
ဝမ်ရိပေါ်ကအိမ်ကိုဧည့်သည်မလာဖို့ကိုကန့်သက်ထားသည်။ ရှောင်ကျန့် ၏သူငယ်ချင်းတွေကိုတောင်မှပေါ့ ။သူခွင့်ပြုပေးလိုက်မယ်ဆိုရင် သူ့သူငယ်ချင်းတွေက စတင်အပျက်စကားတွေပြောလိမ့်မည်။ သူ့ကိုဆန့်ကျင်စေမယ့်စကားတွေသူတို့ကြားကို ကုန်းတိုက်လိမ့်မည်။ သူတို့နှစ်အနည်းငယ်က လက်ထပ်ခဲ့ပြီးနောက် ဝမ်ရိပေါ်ကစတင်ပြီး အဲ့သည်လိုပိုင်စိုးပိုင်နက်ဆန်တော့သည်။ ရှောင်ကျန့်သူ့လက်မှလွတ်ရန်စတင်မိသည် ။သူ့မှာစိတ်အေးချမ်းမှုမရှိတော့ ပေ။သူ့အနားမှာနေရတာ ရှောင်ကျန့် စိတ်မညစ်ပါဘူး ရိုက်နှက်တာတို့ ပိတ်ပင်တာတို့မလုပ်ရင်ပေါ့။
YOU ARE READING
My Abusive husband ||Translation||<Completed>
FanfictionBy @pricelessjew22 ⚠️⚠️⚠️အရိုင်းဆန်ကာ ရှုပ်ထွေးပွေလီတဲ့အိမ်ထောင်ရေးမှာ ရိုက်နှက်ခြင်းနှင့် သွေးထွက်သံယိုများပါဝင်ပြီး ဇာတ်ကောင်ကို ပိုင်စိုးပိုင်နင်းဆန်ဆန် ဖန်တီးရေးသားထား သော Fic မို့လို့ Sensitive ဖြစ်တဲ့သူများရှောင်ပေးဖို့ မေတ္တာရပ်ခံပါသည်။⚠️⚠️⚠️...