ဒီနေ့ကရှောင်ကျန့် အားနည်းနေပြီးအန်တာမပျောက်သေးပေ ဝမ်ရိပေါ်အိမ်ကထွက်သွားတာ နှစ်ရက်ရှိပြီ သူ့အစ်ကိုရဲ့ကုမဏ္ဏီကိုမရောင်းပေးလို့ သူနဲ့စကားများကာစိတ်ဆိုးပြီးထွက်သွားခြင်းဖြစ်သည်။ သူမရောင်းပေးနိုင်ဘူး သူ့အစ်ကို Xiao Kris ကသူ့အတွက်မရှိတဲ့ကြားကလုပ်ပေးခဲ့တာ သူငွေလိုနေတာတောင်မရောင်းခဲ့ပဲ သူ့အတွက်ထားပေးထားတာ ဒါကိုသူမရောင်းနိုင်ဘူး သူစိုးရိမ်တယ် ရိပေါ်ကပြောလို့ရမှာမဟုတ်ဘူး လုပ်ချင်ရင် လုပ်ပစ်လိုက်မှာ...
-----
3ရက်မြောက်နေ့ကြတော့ ရှောင်ကျန့် ရိပေါ်ကိုအရမ်းသတိရတာတယ်...သူအန်တာနဲ့ဗိုက်နာတာ သက်သာသွားပြီဆိုပေမယ့် အားနည်းနေတုန်းပင်။*ရိပေါ်မင်းဘာလို့ပြန်မလာတာလဲ အရင်ကဆိုငါမပါပဲ တစ်ရက်တောင်အပြင်မသွားနိုင်တဲ့သူကအခု 3ရက်တောင်ရှိပြီ မင်းငါ့ကိုအရမ်းစိတ်ဆိုးနေတာလား မင်းရောင်းချင်တယ်ဆိုလဲ ရောင်းလိုက်ပါ ငါခွင့်ပြုတယ် အဲ့ဒီအစားငါ့ဆီပြန်လာပေးပါ ငါမင်းကိုအရမ်းလွမ်းနေပြီ ။*
ရှောင်ကျန့်ကရိပေါ်အိပ်တဲ့နေရာက အိပ်ယာခင်းကိုမျက်နှာမှာကပ်ကာ ရေရွတ်ပြီးငိုနေ၏။
.ဒါကိုအပြင်ကနေဖန်ရှင်းကမြင်တော့ စိတ်မကောင်းဖြစ်ကာ....
*ဒီလူကဘာလို့ ငါ့အမေကိုအမြဲငိုစေတာလဲ*
"မာမီ "
"ဟင်! ဖန်ရှင်း သားဘာဖြစ်လို့လဲ ဘယ်နားနေမကောင်းလို့လဲ မာမီ့ကိုပြော"
"မာမီကိုယ့်ကိုကိုယ်ပြန်ကြည့်ဦး ဘယ်သူကမေးရမှာလဲ မာမီကိုယ့်ကိုကိုယ် ဂရုစိုက်ပါဦး ကျွန်တော် မာမီ့ကိုလွမ်းတယ် အခန်းထဲမှာပဲပိတ်မနေပါနဲ့ ကျွန်တော်တို့မာမီလုပ်ပေးတဲ့ ထမင်းဝိုင်းလေးကိုလွမ်းနေပြီ မာမီချက်ပေးတာတွေစားချင်နေပြီ ကျေးဇူးပြုပြီး ချက်ကျွေးပါတော့"
ရှောင်ကျန့်ကမျက်ရည်တွေကိုသုတ်ရင်း..တိုးတိုးလေးပြောသည်။
"ငါမင်းတို့အဖေကိုလွမ်းတယ် သူပြန်မလာတာ၃ရက်ရှိပြီ"
သားနှစ်ယောက်ကသူ့ကို ပွေ့ဖက်ထားလိုက်တော့ သူကဆံပင်လေးတွေကိုပြန်ပေးနေသည် ။
YOU ARE READING
My Abusive husband ||Translation||<Completed>
FanfictionBy @pricelessjew22 ⚠️⚠️⚠️အရိုင်းဆန်ကာ ရှုပ်ထွေးပွေလီတဲ့အိမ်ထောင်ရေးမှာ ရိုက်နှက်ခြင်းနှင့် သွေးထွက်သံယိုများပါဝင်ပြီး ဇာတ်ကောင်ကို ပိုင်စိုးပိုင်နင်းဆန်ဆန် ဖန်တီးရေးသားထား သော Fic မို့လို့ Sensitive ဖြစ်တဲ့သူများရှောင်ပေးဖို့ မေတ္တာရပ်ခံပါသည်။⚠️⚠️⚠️...