35

1.6K 114 4
                                    

လွန်ခဲ့တဲ့တစ်နာရီက ဝမ်ရိပေါ်သူ့ရုံးခန်းထဲမှာ ထုတ်ကုန်အသစ်တွက် ရောင်းချရန်ကိစ္စတွေဖြင့် အလုပ်ရှုပ်နေစဉ် ရုံးခန်းထဲကိုခွင့်ပြုချက်မရပဲဝင်လာတဲ့လူတစ်ယောက်ကြောင့် သူ့ရဲ့ဝန်ထမ်းကောင်မလေးက..

"ဆရာ ကျွန်မတို့သူ့ကိုတားပါတယ် ဒါပေမယ့်သူအတင်းဝင်လာတာ"

ရိပေါ်ကြည့်လိုက်တဲ့အခါမှာတော့..ချန်း..သူကပီကေကို တဖောက်ဖောက်ဝါးပြီး ပူဖောင်းမှုတ်နေသည်။ရိပေါ်စိတ်တွေတိုသွားပေမယ့် သူထိန်းချုပ်လိုက်ကာ

"မင်းသွားလို့ရပြီ"

သူဝန်ထမ်းကောင်မလေးကိုသွားခိုင်းလိုက်ပြီးနောက် ကောင်မလေးကသူ့ကိုအရိုသေပေးပြီးထွက်သွားသည်။

"မင်းဒီကိုဘာလာလုပ်တာလဲ မင်းဘာလုပ်ဖို့တွေးနေတာလဲ စိတ်လွတ်သွားတာလား ပြီးတော့မင်း ဒီကိုမလာခင်မှန်မကြည့်ခဲ့ဘူးလား ငါ့ရုံးကိုဘယ်လိုတွေဝတ်စားထားလာတာလဲ ဒါနဲ့များမင်းကဘယ်လိုငါ့ကလေးရဲ့မိခင်ဖြစ်လာမှာလဲ ဒီပုံနဲ့မင်းသူ့က်ုဘယ်လိုသင်ကြားမှာလဲဒီကိုမင်းလာလို့ ငါ့ရဲ့ကျန့်မြင်သွားရင်ဘယ်လိုလုပ်မလဲ ငါဘယ်လိုပြောရမှာလဲ "

"မင်းရဲ့ အငယ်နှောင်းလို့ပြောလိုက်ပေါ့ ငါလဲမင်းရဲ့သမီးကိုမွေးထားတဲ့သူပါ ငါကဘာလို့လာခွင့်မရှိရတာလဲ ငါတို့လဲမင်းရဲ့နွေးထွေးမှုကို လိုအပ်တယ် ငါ့သမီးလေးလဲသူ့အဖေကိုလိုတယ်လေ ငါမင်းဆီကအချိန်လေးနဲနဲလောက်ပဲလိုချင်တာပါ ငါတို့မင်းကိုလိုအပ်တယ် ငါတို့အပေါ်မင်း မျှတရဲ့လား"

ချန်းကငိုယိုကာပြောသည် ။
ရှိုက်ကြီးတငင်ငိုနေတဲ့ ချန်းကိုရိပေါ်ကခုံမှာထိုင်စေလိုက်ပြီး ...

"ငါအရင်တစ်ခေါက်က မင်းကိုသတ်မိမလိုဖြစ်သွားလို့ sryပါ မင်းငါ့ဆီကဘာလိုချင်လဲမသိဘူး ဒါပေမယ့်ငါကအိမ်ထောင်သည်ယောက်ျား ငါ့ဇနီးကိုငါအရမ်းချစ်တယ် မင်းကငါ့ရဲ့အငယ်နှောင်းဖြစ်လို့မရဘူးလေ ငါ့မိသားစုပြိုကွဲသွားမှာပေါ့ ဒါပေမယ့်ငါကတိပေးတယ် ဒီတပတ်မင်းနဲ့ သမီးဆီကိုလာခဲ့မယ်..."

ရိပေါ်ကသူ့ကိုချော့ပြောလိုက်

"တကယ်လား မင်းငါ့ကိုအချိန်ပေးမယ်ဆို ငါမင်းတို့မိသားစုကိုမနှောက်ယှက်ပါဘူး ငါ့တို့မိသားစုအတွက် အချိန်ခနလေးပေးရင်ကျေနပ်ပါတယ်"

My Abusive husband ||Translation||<Completed>حيث تعيش القصص. اكتشف الآن