ရှောင်ကျန့်သူ့အန်တီအိမ်မှာရှိနေစဉ်.ရိပေါ်အဆက်ပြေပါ့မလား သူ့ကိုဘယ်သူဟင်းချက်ကျွေးမှာလဲ သူရုံးကိုရောအဆင်ပြေပြေသွားနိုင်ပါ့မလား.သူဘာလို့ငါတို့ဆီလိုက်မလာတာလဲ သူမချစ်တော့ဘူးလား.သူကေတာ့ရိပေါ်ကိုလွမ်းလှပြီ အန်တီရင်ကဒါကိုကြည့်နေရတာသဘောကျတာလား သူ့မျက်နှာလေးကိုကိုင်ပြီး မင်းကိုချစ်တယ် မင်းကိုအရမ်းချစ်တယ် အရမ်းသဝန်တိုလို့ပြောနေတာလေးကိုလဲလွမ်းလှပြီ သုရဲ့ဩရှရှအသံလေးကိုကြားယောင်ရင်းရိပေါ်မရှိတဲ့ နေ့ရက်တိုင်းမိနစ်တိုင်းက သူ့ကိုရူးအောင်လုပ်နေသည်။
ရှန်းနေမကောင်းတာကိုလည်းသူလျစ်လျူရှုထားတယ် ဘာလို့ဆိုတော့ ရိပေါ်ဘယ်အချိန်များလိုက်လာမလဲဆိုပြီး တမျော်မျော်လုပ် နေသည်။သူခြံတံခါးကနေထွက်ဖို့လုပ်တော့ အန်တီရင်ကသူ့ကိုစောင့်ကြည့်နေပြီး သားဖြစ်သူနှစ်ယောက်ကလဲ အမေဖြစ်သူကိုကြည့်ပြီးစိတ်မချမ်းသာရပေ ကောင်းကောင်းလဲမစား စကားလဲမပြောနဲ့ ဘယ်လိုမှားယွင်းမှုတွေကများ သူ့အဖေရဲ့ကျွန်လိုရိုက်နှက်နေခြင်းကိုသူပျော်မွေ့နေရလဲ သူ့အဖေဘာတွေနဲ့များသူ့ကိုလုပ်ထားသလဲသူတို့မတွေးတတ်တော့ပေ။
"ကော ငါတို့အိမ်ပြန်ရင်ကောင်းမလား မဟုတ်ရင်ငါတို့အမေသေသွားလိမ့်မယ် တစ်ချိန်လုံးပွစိပွစိနဲ့ လက်ချောင်းတွေကိုပျက်စီးတဲ့အထိကိုက်နေတယ် ငါတို့အန်တီကိုပြောပြီးပြန်ရအောင်"
ရှောင်ပိုင်ပြောလိုက်ပြီးတာနဲ့ညသူတို့နှစ်ယောက်လုံးမက်တပ်ရပ်ကာ ခြံထဲကသူတို့အမေကိုသူတို့ကြည့်လိုက်သည်။
..
ခြံပေါက်ဝမှာရပ်ပြီးမျော်နေတဲ့သူ့ကိုကလေးတွေကကြည့်ပြီးနားမလည်နိုင်ဖြစ်ရသည်။.မာမီဒယ်ဒီ့ကိုချစ်တာသိပါတယ် အခုဟာကအရမ်းကိုအလွန်ကြူးဖြစ်နေပြီမဟုတ်လား..သူတို့ကိုသူတို့ပြန်မေးကြသည်။"မာမီကဒယ်ဒီ အဲ့လောက်ရိုက်တာကိုတောင်ဘာလို့မမြင်နိုင်ရတာလဲ သူ့ကိုဒီလောက်ရိုက်နှက်အရှက်ခွဲတာတောင် အမှတ်သည်းခြေမရှိဘူးလားဒီရောက်ကတည်းကလဲ သူတို့ကိုစကားကောင်းကောင်းမပြောဘူး ရှန်းနေမကောင်းတာကိုလဲ ဂရုမစိုက်ဘူး အန်တီရင်ဆေးရုံပို့လိုက်လို့သာပြန်ကောင်းလာတာ မာမီ့ကိုငါတို့ဘယ်လိုကယ်တင်ရမလဲ သူသေမှပဲရတော့မယ်ထင်တယ်..."
ESTÁS LEYENDO
My Abusive husband ||Translation||<Completed>
FanficBy @pricelessjew22 ⚠️⚠️⚠️အရိုင်းဆန်ကာ ရှုပ်ထွေးပွေလီတဲ့အိမ်ထောင်ရေးမှာ ရိုက်နှက်ခြင်းနှင့် သွေးထွက်သံယိုများပါဝင်ပြီး ဇာတ်ကောင်ကို ပိုင်စိုးပိုင်နင်းဆန်ဆန် ဖန်တီးရေးသားထား သော Fic မို့လို့ Sensitive ဖြစ်တဲ့သူများရှောင်ပေးဖို့ မေတ္တာရပ်ခံပါသည်။⚠️⚠️⚠️...