ညှင်းပန်းနှိပ်စက် မှုမကြိုက်သူများအတွက် warningပေးပါတယ်။
ဒီနေ့ Jane နဲ့ ဇီယီ တွေ့ဆုံခဲ့သည်။ Jane ကရှောင်ကျန့်၏ မွေးရပ်မြေကသူငယ်ချင်းဖြစ်သည်။ janeယောက်ျားဆုံးပြီး ရှောင်ကျန့်သူ့ဆီလာလည်တုန်းက သူ့ယောက်ျားလိုက်လာခဲ့ပြီး သူတို့နှစ်ယောက်ကြားဂျိမ်းအငွေ့ပျံချင်သွားပုံနဲ့ စကားတောင်ပြောမပြီးခင် ရှောင်ကျန့်ကိုဆွဲခေါ်သွားတဲ့အကြောင်းကို jane ကဇီယီကို ပြောပြခဲ့သည်။ သူတို့နှစ်ယောက်လုံးထိုအဖြစ်ပျက်ကိုစိတ်တအားဆိုးသည်။ ဒါကြောင့်ဒီနေ့ ရှောင်ကျန့်ဆီသွားလည်ဖို့ ဆုံးဖြတ်ချက်ချလိုက်၏။ သူဘယ်လိုနေလဲသိချင်သည်။ အရင်လက janeနဲ့တွေ့ပြီးနောက်ထပ်မတွေ့ရတော့သဖြင့်သူအဆင်ပြေရဲ့လားသိချင်ကြသည်။
ရှောင်ကျန့်က သူတို့ဆီအမြဲလာမလည်ပေမယ့် တစ်လတစ်ခါလောက်တော့လာတတ်သည်။ အခုသူ့ကိုမမြင်ရသေးပေ။ သူအရမ်းစိုးရိမ်သည်။ နောက်ကွယ်မှာရှောင်ကျန့်အဆင်ပြေပါ့မလား။
ဟိုရောက်တော့ ရှောင်ကျန့်သူတိုကိုကြိုဆိုနေသည်။ ရှောင်ကျန့်ကအကျီလက်ရှည်လေးနဲ့ ဒူးလောက်ရှိတဲ့ဘောင်းဘီလေးဝတ်ထားပြီး လှပတဲ့ခြေတံရှည်လေးတွေကပေါ်လွင်နေသည်။ သူ့ရဲ့ကျောလောက်ရှိတဲ့ဆံပင်ရှည်လေးတွေကပန်းပွင့်နေသည့်အလား လှပလျှက် အရှေ့ဘက်မှာလည်းအနည်းကျနေသည်။သူ့အဝတ်စားပုံစံကိုရှောင်ကျန့်ဂရုမစိုက် တစ်ယောက်ကမောင်နှမလိုခင်ရတဲ့သူ နောက်တစ်ယောက်ကအကောင်းဆုံးသူငယ်ချင်း။
သူထိုင်လိုက်တော့ သူမတို့နှစ်ယောင်လုံးကသူ့ကိုကြည့်ပြီး အံ့ဩဖို့ကောင်းအောင်လှနေလို့ နှစ်ယောက်သား မင်သက်သွားကာ ပြုံးလိုက်ကြသည်။သူ့အသားရေလေးက ပြောင်လတ်ပြီး တောက်ပနေတာ လရဲ့အလင်းရောင်လေးလိုပင်။ အဲ့ဒီလိုတောက်ပမှုမျိုးနဲ့ အရမ်းလှတဲ့မျက်နှာလေးက ဒီကမ္ဘာမှာရှိတဲ့စကားလုံးတွေနဲ့တောင်ပြောဖို့ မလောက်ပါ။
"ငါထင်တာ နင်တစ်ခုခုဖြစ်နေပြီထင်လို့လာခဲ့တာ ဒါပေမယ့်နင့်ကိုမြင်ရတော့ မစိုးရိမ်တော့ပါဘူး နင်က နုပျိုပြီးအရမ်းလှတာပဲ နင်က အိမ်ထောင်ကျပြီး ကလေး၃ယောက်မွေးထားတာတောင် နင့်အသွေးသားနဲ့ ခန္တာကိုယ်က လှပြီးကျန်နေတယ်"
ESTÁS LEYENDO
My Abusive husband ||Translation||<Completed>
FanficBy @pricelessjew22 ⚠️⚠️⚠️အရိုင်းဆန်ကာ ရှုပ်ထွေးပွေလီတဲ့အိမ်ထောင်ရေးမှာ ရိုက်နှက်ခြင်းနှင့် သွေးထွက်သံယိုများပါဝင်ပြီး ဇာတ်ကောင်ကို ပိုင်စိုးပိုင်နင်းဆန်ဆန် ဖန်တီးရေးသားထား သော Fic မို့လို့ Sensitive ဖြစ်တဲ့သူများရှောင်ပေးဖို့ မေတ္တာရပ်ခံပါသည်။⚠️⚠️⚠️...