18

2K 209 11
                                    

ရိပေါ်ဟာ တံခါးအရှေ့မှာဘယ်လိုပုံစံနဲ့ပဲတောင်းပန် တောင်းပန်ရှောင်ကျန့်က ထွက်မလာတာကြောင့် သူပိတ်ထားတဲ့တံခါးမှာ ခြေစုံရပ်ကာ.....

*သူ ငါ့ရဲ့အသနားခံတာတွေကို မကြားချင်ဟန်ဆောင်နေတယ်ပေါ့ သူငါ့ကိုတစ်ကယ်မုန်းသွားပြီလား ငါအမြဲတမ်း လွယ်လွယ်နဲ့မင်းဆီက ခွင့်လွတ်မှုအမြဲရခဲ့တာ အခုတံခါးမဖွင့်ပေးချင်တာဘာလိုလဲ mall ထဲမှာအဲ့လူနဲ့အရှက်မရှိ ဖက်မ‌ နေဖို့ငါတားမြစ်ခဲ့လို့လား သူစိတ်ဆိုးစရာအချက်ကဘာလဲ ငါသူ့ကိုလူမြင်ကွင်းမှာရိုက်ခဲ့လို့လား ဒါမှမဟုတ်ငါသူ့ကိုတခြားသူနဲ့ ပွေ့ဖက်ဖို့တားမြစ်ခဲ့လို့လား..*

ဝမ်ရိပေါ် တစ်ယောက်တည်းနာကျင်စွာမေးခွန်းထုတ်ပြီး တံခါးရှေ့ကကြမ်းပြင်မှာတင် အိပ်ပျော်သွားသည်။

"Beez beez beez"

ရိပေါ်သူ့အိတ်ထဲကဖုန်းဆီမှ အသံကြားသဖြင့် ကိုင်လိုက်သည်။
ထိုအခါပါမောက္ခချုပ်ဆီမှဖြစ်ပြီး ကုမဏ္ဏီရဲ့ဖောင်ဒေးရှင်းအတွက်ခုမနက်စောစော ချက်ချင်းလာဖို့လှမ်းခေါ်ခြင်းဖြစ်နေသည်။

ရိပေါ်ချက်ချင်းထပြီးရေမိုးချိုးကာအလုပ်သွားရန်အဝတ်လဲပြင်ဆင်ပြီး သူ့သမီးအခန်းရှေ့မှာပြန်ရပ်လိုက်ကာ တံခါးခေါက်လိုက်သည်။

"Baby ကိုယ်ဒီနေ့အလုပ်ပိတ်တယ် ဒါပေမယ့်ရုတ်တရက် အလုပ်ပေါ်လာလို့ကိုယ်သွားမှရမယ် ကိုယ်ညနေမှ ပြန်လာမယ် ပြီးတော့တောင်းပန်ပါတယ် ကိုယ်ပြန်လာရင်ခွင့်လွှတ်ပေးဖို့လဲ ကိုယ်မျှော်လင့်ပါတယ် ငါမင်းနဲ့ ကလေးတွေကိုအရမ်းချစ်တယ်."

ထိုသို့ပြောပြီး ဝမ်ရိပေါ်အောက်ထပ်သို့ဆင်းသွားကာ ဂိုထောင်ထဲမှကားထုတ်ပြီး အပြင်သို့ထွက်သွားခဲ့သည်။
ရှောင်ကျန့်က ရိပေါ်ပြောနေတာတွေကိုသေချာ‌နားထောင်ပြီးနောက် သူ့ကလေးတွေကိုစိုက်ကြည့်တော့ဘယ်သူမှဂရုမစိုက်ခြေ..

"ဖန်ရှင်း မင်းပျော်လား.ငါ့ယောက်ျားနဲ့အတူအိပ်ဖို့ ပိတ်ပင်ရတာမင်းပျော်လား ပြီးတော့ဒီမနက်ငါ့ယောက်ျားအလုပ်မသွားခင်တွေ့ဖို့ကိုလဲ မင်းပိတ်ပင်တယ် မင်းအဖေမဟုတ်ဘူးလား မင်းအမေကိုအဲ့လောက် ရက်စက်ရလား မင်းပြောတော့ မာမီပျော်တာမြင်ချင်တယ် မာမီမျက်ရည်ကျတာမမြင်ချင်ဘူးဆို အခုမျက်ရည်ကျအောင်ဘယ်သူလုပ်နေတာလဲ.."

My Abusive husband ||Translation||<Completed>Tahanan ng mga kuwento. Tumuklas ngayon