ရှောင်ကျန့်ဆေးရုံပေါ်မှာလဲလျောင်းရင်း...
*ငါ့ဘဝကဘာလို့ဒီလောက်တောင်ဆိုးရတာလဲ ငါဘာတစ်ခုမှ မမှတ်မိဘူး သတိရလာတာနဲ့ သိလိုက်ရတာက ငါ့ယောက်ျားကငါ့ကိုရိုက်တယ် ငါ့ကိုယ်ဝန်ကိုပျက်ကျအောင်လုပ်တယ် ပြီးတော့သူ့မှာ အိမ်ထောင်အဟောင်းလဲရှိနေတယ်
တခြားလူနဲ့လဲ ကလေးမွေးထားသေးတယ် ငါကသူ့ကိုကလေးလေး၃ယောက်မွေးပေးထာတယ်ဆို သူဘာလို့မပျော်နိုင်ရတာလဲ ငါကသူ့အပေါ်မကောင်းလို့လား အရင်ဆုံးင့ါမိဘတွေက ငါ့ကိုထားသွားတယ် ပြီးတော့ငါ့အစ်ကိုကလည်း ပြန်လာမယ်ပြောပြီးထားသွားပြန်တယ် ငါအရမ်းနာကျင်ရတယ် အခုငါ့ရဲ့အိမ်ထောင်ရေးကလဲ တကယ်ဆိုးရွားတယ် ဘုရားသခင်ကငါ့ကိုတစ်ကယ်မုန်းနေတာပဲလား....*"ဘုရားသခင် ဘာလို့ကျွန်တော့်ဆီကိုဒီလိုမကောင်းတာတွေပဲ ပို့နေတာလဲ ကျွန်တော်အရမ်းမွန်းကျပ်ပြီး နာကျင်နေပြီ ကျေးဇူးပြုပြီး ကျွန်တော့်ကိုလွှတ်ပေးပါတော့"
ရှောင်ကျန့်က ကုတင်ပေါ်မှာငိုယိုကာ ရေရွတ်နေစဉ် ချန်းကမဲ့ပြုံးပြုံးလိုက်ပြီး..အန်တီရင်ကိုဖုန်းဆက်ပြီး ခေါ်လိုက်တယ် ပြီးနောက် သူမသိသလိုနဲ့ ...
"အိုး ကျန့်ရာယ် ငိုနေတုန်းပဲလား အဲ့ဒီမကောင်းတဲ့ကောင်ကြောင့် ငိုမနေပါနဲ့တော့ အဲ့လိုမလုပ်ပါနဲ့ မင်းမျက်ရည်တွေသုတ်လိုက်ပါပြီးရင်မင်းအဒေါ်နဲ့ကလေးတွေလာလိမ့်မယ်"
ရှောင်ကျန့်ကခေါင်းလေးညိမ့်ပြကာ မျက်ရည်တွေသုတ်ကာချန်းရဲ့လက်ကိုဆုပ်ကိုင်ပြီး...
"ချန်းဘာလို့လဲ ဘာလို့ငါကြမှဒါတွေဖြစ်တာလဲ ငါကသူ့အပေါ်မကောင်းခဲ့လို့ ခုလိုအတိတ်မေ့တဲ့အထိရိုက်နှက်ခဲ့တာလား ငါဘာကိုမှလည်း မမှတ်မိဘူး မင်းကိုတောင်မမှတ်မိဘူး ငါအရမ်းနာကျင်နေပြီ ပြောပါ ပြောပါ"
"ရပ် ရပ်ပါ ငါ့ရဲ့အရမ်းလှတဲ့သူငယ်ချင်းလေး မင်းကလေးတွေအတွက်မင်းသန်မာမှရမယ် မငိုပါနဲ့တော့"
ထိုစဉ် ကလေး၃ယောက်နဲ့ ဝမ်ကျဲရောက်လာပြီး..
"မာမီ"
ရှန်းကမှိုင်တွေနေတဲ့သူ့အမေဆီကိုပြေးလာပြီးငိုကာဖတ်ထားလိုက်သည်။
ESTÁS LEYENDO
My Abusive husband ||Translation||<Completed>
FanficBy @pricelessjew22 ⚠️⚠️⚠️အရိုင်းဆန်ကာ ရှုပ်ထွေးပွေလီတဲ့အိမ်ထောင်ရေးမှာ ရိုက်နှက်ခြင်းနှင့် သွေးထွက်သံယိုများပါဝင်ပြီး ဇာတ်ကောင်ကို ပိုင်စိုးပိုင်နင်းဆန်ဆန် ဖန်တီးရေးသားထား သော Fic မို့လို့ Sensitive ဖြစ်တဲ့သူများရှောင်ပေးဖို့ မေတ္တာရပ်ခံပါသည်။⚠️⚠️⚠️...