6

2.9K 220 9
                                    

ဝမ်ရိပေါ်ဒီနေ့ သူ့အိမ်သားနှင့် အပြင်မှာညစာထွက်စားရန်ခေါ်ဖို့ဆုံးဖြတ်ထားသည်။ သူ့အိမ်သားကိုအပြင်မခေါ်ချင်ပေမယ့် တချို့လူတွေပြော‌သည့် ကောလဟာလကိုသူကြားရတာကြောင့် သူတို့ပြောစကားတွေက သူ့ကို‌အ‌တွေးတွေအများကြီးဖြစ်ပေါ်စေခဲ့သည်။ သူအလုပ်ကနေလုပ်ဖေါ်ကိုင်ဖက် တစ်ယောက်နှင့် နေ့လည်စာသွားစားနေစဉ် အမျိုးသမီး နှစ်ယောက်ရဲ့ ဆွေးနွေးသံတွေသူကြားခဲ့ရတာကြောင့်ပင်။

First woman..

"သူမသူ့ယောက်ကျားကို ဘယ်လိုတောင်လုပ်နိုင်ရတာလဲ။ တခြားတစ်ယောက်နဲ့ဘယ်လိုတောင်အိပ်နိုင်ရတာလဲ။ မတရားဘူး သူ့ယောက်ျားက သူ့ကိုအိမ်မှာပဲ အမြဲစောင့်ကြည့်ပြီးတခြားလူတွေနဲ့ ရောရောထွေးထွေးနေဖို့တာမြစ်ထားတာတောင် အချိန်လေးနဲနဲရလိုက်တာနဲ့ တခြားယောက်ျားတစ်ယောက်နဲ့အိပ်ဖို့လုပ်နေတာလား အရှက်မဲ့လိုက်တာ ဒါတွေကြိုသိလို့ သူ့ယောက်ကျားကအဲ့လိုလုပ်ထားတာဖြစ်မယ်။ သူကိုလှည့်စား‌တဲ့သူကိုတားနိုင်မယ်လို့...ငါမျှော်လင့်တယ်။"

ထိုမိန်းမကအံကိုကြိတ်ပြီး ပြောလိုက်သည်။
ဒါကိုရိပေါ်က ထောက်ခံကာ ခေါင်းညိမ့်လိုက်သည်။

*အဲ့တာပဲ အဲ့တာတွေကြောင့် ငါ့ရဲ့အလှလေးကိုအပြင်ထွက်ဖို့ပိတ်ပင်ခဲ့တာ။ ငါဘာကိုတားမြစ်ချင်လဲဆိုတာ အဲ့ဒီလိုအတိကျပဲ။ သူသာငါ့ကိုလှည့်ဖျားခဲ့ရင် သူ့ကိုသတ်ပစ်ပြီးငါ့ကိုယ်ငါလဲ သက်သေပစ်လိုက်မှာ။ငါ့နားက‌နေအပျောက်မခံနိုင်ဘူး .*

ဝမ်ရိပေါ်သူ့ဘာသာ တိုး‌တိုးလေးပြောလိုက်ပြီး သူထမည်လုပ်တော့ နောက်မိန်းမတစ်ယောက်ကဆက်ပြောတာကြောင့် သူရပ်ပြီးနားထောင်လိုက်သည်။

Second woman.

"ဒါပေမယ့် ဒါမင်းသူမကိုအပြစ်တင်နေတာလား ငါတော့သူမ ယောက်ကျားတွေကိုလှည့်ဖျားတယ်လို့မထင်ပါဘူး။ ဘယ်သူကများ သူ့ရဲ့လွတ်လပ်ခွင့်တွေကိုဆွဲယူခံလိုက်ရပြီး အိမ်ထောင်ပြုချင်မှာလဲ ဒါကိုအိမ်ထောင်ရေးလို့ခေါ်လား။ ဖြစ်နိုင်ပါတယ် သူမမှာ ရည်မှန်းချက်မရှိ ဘူးဆိုရင်ပေါ့။သူအချိန်ကျလို့ သူစိတ်ပျော်ရွှင်လှုပ်ရှားစရာတစ်ခုခုတွေ့လာခဲ့မယ်ဆိုရင် သူမရည်မှန်း ချက်အတွက် မလုပ်နိုင်တာဘာမှမရှိဘူး"

My Abusive husband ||Translation||<Completed>Where stories live. Discover now