17

2K 206 21
                                    

အဲ့သည်ည ရှောင်ကျန့်မရှိပဲ ရိပေါ်လုံးဝမအိပ်နိုင်ခဲ့ပါ။ သူ့မျက်လုံးတွေတစ်ချက်မှမပိတ်ပဲနဲ့ကို ရှောင်ကျန့် ထွက်အလာကိုစောင့်နေသည်။ ဘယ်အချိန်မှာများသူ့ကိုခွင့်လွှတ်ပေးပြီး အခန်းထဲဝင်လာမလားဆိုနဲ့အတွေးနဲစောင့်နေပေမယ့် ရှောင်ကျန့်က ဝင်မလာခဲ့ပါ။ သူဘယ်လောက်ပဲအော်အော် ရှောင်ကျန့်က အပ်ချည်တစ်မျှင်စာတောင်တံခါးကိုဖွင့်မပေးခဲ့ပါ။ နောက်ဆုံးတော့သူလဲ ပင်ပန်းလာပြီးအိပ်ယာပေါ်လှဲလိုက်ကာ ရှောင်ကျန့်ရဲ့ ကိုယ်ငွေ့လေးတွေကိုသတိရစွာနဲ့လူးလွန့်နေ၏။

"ဒါတစ်ယောက်ယောက်ကို ချစ်လို့ရလိုက်တဲ့အပြစ်လား ငါ့အချစ်ကိုသူဘာလို့နားမလည်ရတာလဲကွာ မင်းကိုချစ်ရတာငါရူးတော့မယ် ချစ်လွန်းလို့ အရာရာကိုဆင်ခြင်နိုင်စွမ်းတွေပျောက်ဆုံးခဲ့တယ် အမှားတွေတစ်ခုပြီးတစ်ခုဖြစ်ခဲ့တယ်..ငါအဲ့ကောင်တွေကြည့်တာမကြိုက်ဘူးဆိုတာမသိဘူးလား အဲ့ကောင်တွေကိုမင်းအနားမှာ တစ်လက်မ တောင်တိုးလာတောင် ငါမုန်းတယ် ချစ်လို့သဝန်တိုတာမှားလား..ငါ့အချစ်တွေကိုဘာလို့မမြင်နိုင်တာလဲ..baby please အိပ်ယာကိုပြန်လာပါ မင်းကိုမဖက်ထားပဲ ငါမအိပ်နိုင်ဘူး..."

ဝမ်ရိပေါ်ဟာရှောင်ကျန့်ရဲ့ ခေါင်းအုံးကိုဖက်ပြီးငိုနေသည်။ ပြီးတော့သူတစ်ဖန်သူ့သမီး အခန်းရှေ့ပြန်သွားကာ တံခါးခေါက်လိုက်ပြီး..

"Baby Baby please တံခါးဖွင့်ပါ ကိုယ့်ကိုခွင့်လွှတ်ပေးပါ မင်းရဲ့နှလုံးသားကငါ့ကိုနေရာလေးတစ်ခုပေးပြီး ခွင့်လွတ်ပေးပါ ငါ့အမှားကိုငါသိပါတယ် ငါမင်းကို shopping Mall ထဲမှာမရိုက်ခဲ့သင့်ဘူး ဒါကြောင့်ခွင့်လွှတ်ပေးပါ. မင်းကြားတယ်ဆိုတာငါသိတယ် ဒါကြောင့်တံခါးကိုဖွင့်ပေးပါ please အချစ်ကလေးရေ...."

ဝမ်ရိပေါ်ဟာ တံခါးရှေ့မှာဒူးထောက်လျှက် ရှောင်ကျန့်တံခါးဖွင့်ပေးမည့်အချိန်ကို မျှော်လင့်နေသည်။

ရှောင်ကျန့်က တံခါးဖွင့်ဖို့ကိုငြင်းဆိုခဲ့ပေမယ့်  ရိပေါ်ရဲ့အသံကိုကြားပြီး သူဖွင့်ပေးချင်လာသည်။ ဒါပေမယ့် ဖန်ရှင်းကမဖွင့်ခိုင်းခဲ့‌ ပေ။သူ့အဖေအခန်းကိုခနပြန်သွားချိန်မှာ သားနှစ်ယောက်က  စားစရာတစ်ချို့နဲ့ ညဝတ်အကျီကိုသူ့တွက်တိတ်တိတ်လေး ယူပေးခဲ့သည်။ သူတို့အမေကိုပြန်မလွှတ်တော့ပဲ အခန်းထဲမှာပဲစားခိုင်းသည်။ သူတို့လဲ သူတို့ညီမအခန်းမှာပဲ အိပ်ဖို့ဆုံးဖြတ်လိုက်ကြသည်။ သူ့တို့မာမီအပြင်ခိုးမထွက်နိုင်အောင်ပေါ့....

My Abusive husband ||Translation||<Completed>Tempat cerita menjadi hidup. Temukan sekarang