12

2.3K 207 16
                                    

ဝမ်ရိပေါ် ယမ်ယမ်နဲ့တွေ့ကာသူ့ကလေးတွေ သူ့ကိုတောင်းဆိုခဲ့ပုံကို ရင်ဖွင့်ပြီးနောက်အိမ်ကိုပြန်လာသည်။ သူဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ သူ့အပြစ်တွေအတွက် မေ့လိုက်တော့မည်။ သူ့ကိုထပ်မရိုက်တော့ဘူး သူဒီလိုရိုက်နေတာက ကျန့်နှင့်သူ ကောင်းတဲ့ဆက်ဆံရေးဖြစ်မလာပဲ နောက်ဆုံးယမ်ယမ်လိုဖြစ်သွားလိမ့်မည်။ ကျန့်သာ အိမ်ကိုသူငယ်ချင်းတွေခေါ်မလာဘူးဆိုလျှင် ၊သူလဲသွားလည်ပြီး သူတို့နဲ့ပျော်ရွှင်မနေဘူး ဆိုလျှင်၊ သူ့အမိန့်တွေကိုနာခံခဲ့မယ်ဆိုလျှင် သူလဲ ရိုက်မိမှာမဟုတ်ပါ။

သူ့ကျန့်လေးကိုအရမ်းချစ်သည်။ အရမ်းပဲ။ သူ့ကျန့် လေးကသူ့သူငယ်ချင်းတွေစကားကိုနားယောင်ပြီး သူ့ကိုထားခဲ့မှာကိုအကြောက်ဆုံးပါ။ သူတစ်ခြားလူတွေနဲ့ပျော်ရွှင်ပြီးရာယ်မောနေတာကို မမြင်ချင် မကြားချင်ပါ။ ကျန့်ကိုထိုလူတွေကပျော်ရွှင်အောင်လုပ်မည်။ အဲ့ဒီအခါကျန့်က အဲ့ဒီပျော်ရွှင်မှုနောက်မှာသာယာကာ သူ့ကိုထားခဲ့ပြီးပိုကောင်းမည်ထင်သည့်လူနောက်ကိုလိုက်သွားလိမ့်မည်။ ကျန့်ငိုနေတာတွေ နာကျင်နေတာတွေကို မြင်ရတာသူပျော်လို့မဟုတ် ထိုကိစ္စတွေအတွက် ကြိုတင်ကာကွယ်မှုသက်သက်ပဲဖြစ်သည်။ ဒါသူ့ရဲ့ လှပတဲ့ကျန့်လေးလုံခြုံမှု‌အတွက် သူကြိုးစားရုံသာ.....

သူအိမ်ထဲဝင်လာတော့ ရှောင်ကျန့်ကအိပ်နှင့်နေပြီဖြစ်သည်။ သူနှင့်ပြသနာဖြစ်ပြီးကတည်းက ကျန့်ကအဲ့လိုပဲ အမြဲအစောကြီးအိပ်နေခဲ့သည်။

ရှောင်ကျန့်ရိ‌ပေါ် ကိုရှောင်နေခဲ့သည်။ ရိပေါ်ရဲ့လုပ်ရပ်ရပ်တွေက သူတို့ နှစ်‌ယောက်ကြား ကိုဝေးကွားစေသည်။ သူ့၏ ပိုင်ဆိုးပိုင်နင်းဆန်မှုနဲ့ ရိုင်းစိုင်းမှု့တွေက သူ့ကိုပင်ပန်းစေသည်။ သေလောက်အောင်မွန်းကျပ်သည်။ ဒီလိုမျိုးသူ့ဘဝကိုမကုန်ဆုံးချင်ပါ။ သူလွတ်လပ်ချင်သည်။ ကလေးတွေနှင့် ခင်ပွန်းကိုတစ်ဖက်တစ်လှမ်းကနေထောက်ပံ့ပေးချင်တယ် သာမာန်ပဲ‌သူ့ဘဝလေးကိုအေးအေးချမ်းချမ်းဖြတ်သန်းချင်သည်။
သူ့ခင်ပွန်းနဲ့သူ အမြဲညှိနှိုင်းသည်။ သူ့ကိုဘယ်အချိန်ထိ ဒီလိုရိုက်နေဦးမှာလဲ ဘယ်အချိန်ထိကျွန်တစ်ယောက်လို ဆက်ဆံနေဦးမှာလဲ အိမ်ရှင်မတစ်ယောက်တဲ့ တစ်နေ့တစ်နေ့ ထိုင်တယ် အိပ်တယ် စားတယ် ဒါပဲလုပ်နေရပြီး သမီးကိုကျောင်းကြိုဖို့တောင်ခွင့်မပေးပါ ။ဘာမှမလုပ်ရပါ။ သူတို့ပြန်လာတာကိုစောင့်သည်။ ချက်ပြုတ်သည်။ ညဖက်ဆိုအိပ်ယာထဲမှာ ခင်ပွန်းရဲ့ဆန္နကိုဖြည့်‌ဆည်းပေးရသည်။ ဒါတွေထပ်မလုပ်နိုင်တော့ပါ။လုံလောက်ပြီ။ လုံလောက်နေပါပြီ။...

My Abusive husband ||Translation||<Completed>Where stories live. Discover now