25

1.7K 155 35
                                    

ရှောင်ကျန့်နဲ့ သူ့ကလေးတွေကဖုန်းကိုယ်စီနဲ့အလုပ်ရှုပ်နေကြသည်။ ကလေးနှစ်ယောက်ကတော့ gameဆော့နေတာဖြစ်ပြီး ရှောင်ကျန့်ကတော့ သမီးဖြစ်သူနေမကောင်းသည့်အတွက် ရိပေါ်ကိုဖုန်းဆက်ရန်နံပါတ်ကိုရှာနေခြင်းဖြစ်သည်။ သူရိပေါ်ရဲ့ဖုန်းနာပါတ်ကိုသူမတွေ့တဲ့အခါမှာရုံးဖုန်းကိုဆက်လိုက်တာ မနေ့ကညနေတည်းကရုံးကိုမရောက်ဘူးဆိုလှမ်းပြောသည်။ ရှောင်ကျန့်လဲ ဖုန်းချပြီး နေမကောင်းတဲ့သမီးကို ပြုစုနေ၏။

သူလေးကိုဆေးရုံခေါ်သွားရင် လည်းရိပေါ်က ပြန်လာရင်သေချာပေါက်ရိုက်မှာ..ရိပေါ်က ညနေရောက်တောင်ပြန်မလာသေးတာကြောင့် အိမ်ကဆေးသေတ္တာထဲကဆေးဖြင့်ကုသပေးပြီး ရှန်းကိုအဖျားကျစေခဲ့သည်။ သားနှစ်ယောက်က လည်းမသွားခိုင်းပဲ ဖအေပြန်လာတဲ့အချိန်ကိုပဲစောင့်ဖို့ပြောသည်။ကလေးတွေညစာစားပြီးတဲ့အချိန်ထိ ရိပေါ်ပြန်မရောက်သေးပါ။

*အဲ့ဒီချန်းဆိုတဲ့ကောင်လေးနဲ့သူသမီးရောက်ကတည်းကသူ့ပုံကမူမမှန်ဘူး သူတို့နှစ်ယောက်ကဘယ်လိုပတ်သတ်နေတာလဲ ငါ့ကိုလှည့်စားနေကြတာလား ငါ့ကိုတော့အိမ်မှာပိတ်ထားပြီးကလေးဆေးရုံတောင်မသွားခိုင်ပဲသူက လင်ငယ်နဲ့ပျော်‌နေတယ်

ကိုယ့်သမီးတစ်ယောက်လုံးနေမကောင်းဖြစ်နေတာတောင် အနားမှာမရှိနိုင်ဘူး ကလေးဆေးရုံကိုသွားဖို့တောင် လိုက်မပို့နိုင်ဘူး ငါ့ကလေးတစ်ခုခုဖြစ်လို့ကတော့ ဘယ်တော့မှခွင့်မလွှတ်ဘူး *

ရှောင်ကျန့်စိတ်ဆိုးနေစဉ်ရိပေါ်ကားဝင်လာတာတွေ့လိုက်ရသည်။

"Daddy ပြန်လာပြီ"

ရှောင်ပိုင်ကပြောသည်။.ရိပေါ်ကားဝင်လာတဲ့ပုံစံကမူမှန်တာကိုရှောင်ကျန့်သတိထားမိလိုက်သည်။ သူတို့အားလုံးရိပေါ်ကိုထွက်ကြိုလိုက်သည်။ ရိပေါ်ကအထဲရောက်တော့ ရှောင်ကျန့်ကို စူးစိုက်ကြည့်ပြီး....

"ဘယ်သူမင်းရဲ့အန်တီကိုခေါ်လိုက်တာလဲ သု့ကိုဒီ‌အိမ်မှာလာနေဖို့ ဘယ်သူပြောလိုက်တာလဲ ဒီအိမ်မှာအေးအေးချမ်းချမ်းမရှိဘူးလား"

ရိပေါ်ကရှောင်ကျန့်ဖုန်းကိုဆွဲယူလိုက်ပြီးဟောက်လိုက်သည်။

My Abusive husband ||Translation||<Completed>Where stories live. Discover now