3ရက်တိုင်တိုင်ရိပေါ်ကရဲစခန်းကချုပ်ထားတာမလွှတ်သေးပေ သူအချိန်တိုင်းသူ့ကိုလွှတ်ပေးဖို့ကိုအသနားခံနေသည်။ သူကျန့်ကိုတွေ့ချင်သည်။ ကျန့်အဆင်ပြေလားသူမြင်ချင်သည်။ သူကျန့်ကိုဒဏ်ရာရအောင်လုပ်မိသွားတာမို့ သူကျန့်ကိုတွေ့ဖို့လိုအပ်နေပြီ။ တခြားယောက်ျားတစ်ယောက်နဲ့ နမ်းတော့မည့်ပုံဖြစ်နေတာက သူ့ရဲ့စိတ်ကိုမကောင်းဆိုးဝါးသဖွယ်ဖြစ်သွားခဲ့တာ။
သူတခြားယောက်ျားတစ်ယောက်နဲ့နီးနီးကပ်ကပ်ရှိနေတာမို့ သူကျန့်ကိုရိုက်မိသည်။ ဒါကိုသူ့အစ်မကနားမလည်ဘူး..ကျန့်ကသူ့ကို မလိမ်ဘူးဆိုတာလဲသူသိသည်။ ဒါပေမယ့်သူ့ဖက်က အမှားမဖြစ်ကြိုတင်ကာကွယ်မှုလုပ်ခဲ့ခြင်းပင်။ သူတခြားသူနဲ့ ကျန့်ကိုဘယ်တော့မှ မျှဝေမပေးနိုင်ကါ။ ကျန့်ကလွဲပြီး သူဘာမှ မလိုအပ်ပါ။
လူတွေကဘာလို့မင်းရဲ့ဇနီးကိုရိုက်လဲမေးကြလိမ့်မယ် ဘာလို့လဲဆိုတော့ ဦးလေးရဲ့အိမ်ထောင်ရေးကိုသူကြည့်ပြီး အဲ့လိုမျိုးအဖြစ်မခံချင်ဘူး သူ့ဦးလေးဇနီးရဲ့လုပ်ရပ်တွေအတိုင်း လုပ်သွားမှာသူကြောက်သည်။ လူတွေကဘာလို့ သူတို့နဲ့မဆိုင်ပဲ သူများအိမ်ထောင်ရေးကိုအာရုံစိုက်နေတာလဲ
သူကျန့်ကိုအရမ်းသဝန်တိုသည်။ သူနဲ့အိမ်ထောင်ပြုတာ ကျန့်မပျော်လို့လား သူကျန့်ကိုဂရုမစိုက်နေခဲ့မိလို့လား မလိမ်တတ်တဲ့ကျန့်အပေါ်မှာ သူအပြစ်လုပ်မိခဲ့လား..လူတွေသူ့ကိုနှာခေါင်းရှုံ့နေတာလဲ သူရပ်တန့်ပစ်ချင်ပြီ။ ကိုယ့်ဇနီးကိုကိုယ်ဘာသာချစ်တာ ကိုယ့်မိသားစုနဲ့ကိုယ့် ဘာဖြစ်ဖြစ် သူ့တို့အကြောင်းဘာပါလို့အမြဲ အာရုံလိုက်စိုက်နေတာလဲ ငါတို့မိသားစုကို လျစ်လျူရှုပေးလို့ရဘူးလား ပြီးတော့ ကျဲကျဲသူကရာရာစစ သူ့ကိုယ်သူကအကူညီတောင်းလို့ မိသားစုကြားထဲဝင်ပါတာလဲ ငါသတ်လက်လွတ်ဖြစ်သွားတဲ့အခြေနေမို့ သူမကံကောင်းသွားတယ်မှတ်..သူထင်တယ် ငါသူ့ကိုအရင်ကလိုပဲကြောက်နေဦးမယ်ထင်နေတာလား..
ဝမ်ရိပေါ်သူ့လက်နှစ်ဖက် ကျစ်နေအောင်ဆုပ်လျှက်မျက်လုံးတွေရဲလာကာ အသက်ရှုသံတွေပြင်းထန်လာသည်။
အဲ့နေ့က သူ့အစ်မကသူ့ဆီလာပြီး ကျန့်နဲ့မင်းဘယ်တော့မှ မတွေ့ရဘူး ကျန့်နဲ့ကလေးတွေကိုခေါ်သွားမယ်ပြောခဲ့သည်။ အဲ့တုန်းကဆိုသူ သူ့အစ်မကိုရော ရဲကိုပါသတ်ချင်စိတ်ပေါက်ခဲ့သည်။
![](https://img.wattpad.com/cover/288334089-288-k224095.jpg)
ВЫ ЧИТАЕТЕ
My Abusive husband ||Translation||<Completed>
ФанфикBy @pricelessjew22 ⚠️⚠️⚠️အရိုင်းဆန်ကာ ရှုပ်ထွေးပွေလီတဲ့အိမ်ထောင်ရေးမှာ ရိုက်နှက်ခြင်းနှင့် သွေးထွက်သံယိုများပါဝင်ပြီး ဇာတ်ကောင်ကို ပိုင်စိုးပိုင်နင်းဆန်ဆန် ဖန်တီးရေးသားထား သော Fic မို့လို့ Sensitive ဖြစ်တဲ့သူများရှောင်ပေးဖို့ မေတ္တာရပ်ခံပါသည်။⚠️⚠️⚠️...