မင်းငါရောက်မလာဘူးဆိုရင်မင်းဒီလိုပဲအရိုက်ခံမှာလား မင်းရူးသွားပြီလား ဒီလိုရိုင်းစိုင်းတဲ့လူကိုမင်းမို့လို့ပေါင်းသင်းနေသေးတယ်။ ငါပြောမယ်မင်းကသူ့ဇနီးဖြစ်နေပေမယ့် မင်းကယောက်ျားလေးတစ်ယောက်ပဲ မင်းဘာလို့ဒီအတိုင်းငြိမ်နေတာလဲ ပြန်ပြီးခုခံစမ်းပါ မလုံလောက်သေးဘူးလား မင်းသူ့ကိုယောက်ျားတစ်ယောက်လိုပြန်မခုခံနိုင်ဘူးလား..."
အန်တီရင်က သူမသွေးတွေဆူပွက်တဲ့ဒေါသထွက်လာပြီး ရှောင်ကျန့်ကိုအော်ငေါက်တော့သည်။
ရှောင်ကျန့်မိဘတွေဆုံးပြီးကတည်းကသူတို့ညီအစ်ကိုကိုစောင့်ရှောက်လာတာ ရှောင့်ကျန့်ဟာ ဘယ်လောက်ထိလိမ္မာရေးခြားရှိပြီး နူးညံ့သိမ်မွေ့လဲဆိုတာသူမအသိဆုံး သူဟာဘယ်သူ့ကိုမှဒုက္ခမပေးတတ်ပဲ သူ့ဘာသာတစ်ယောက်တည်းသီးသန့်နေတတ်သူဖြစ်တယ် ရှောင်ခရစ်က ရှောင်ကျန့်ရဲ့အစ်ကိုဖြစ်ပြီး နူးညံ့စွာနေတတ်တဲ့ရှောင်ကျန့်ကိုထိပါးတဲ့လူအားလုံးကိုသူအလွတ်မပေးဘူး ရှောင်ကျန့်အတွက်သူအမြဲတိုက်ခိုက်သည်။ ရှောင်ကျန့်အတွက်သူအမြဲတွေးပေးသည်။ ဒါကြောင့်ရှောင်ကျန့်ရဲ့ဘဝသက်တောင့်သက်သာဖြစ်စေဖို့ကို သူကြိုးစားပြီးနောက်ဆုံးပေါ်ပစ္စည်းရောင်းတဲ့ဆိုင်တစ်ခုကိုဖွင့်ပေးခဲ့သည်။
ခရစ်နိုင်ငံခြားကိုထွက်သွားပြီးတော့ ၈နှစ်အကြာအထိအဆက်သွယ်မရခဲ့။ 8နှစ်အကြာတော့ပြန်ရောက်လာပြီး သူ့တို့ကိုလာတွေ့ခဲ့သည်။ သူ့အစ်သာရှိရင်ရိပေါ်ကိုခုလိုရိုက်ခွင့်ပေးမှာမဟုတ်ပေ။
ခရစ်ကကြေးစားလူဆိုးဂိုဏ်းဝင်တစ်ယောက်ဖြစ်သည်။ သူကတိတ်တဆိတ်လူသတ်သမားတစ်ယောက်ဖြစ်ပြီး သူ့အလုပ်က ငွေကြေးဖြင့်လူတွေလိုက်သတ်ရတာဖြစ်သည်။ သူလူအများကြီးကိုလဲသတ်ခဲ့သည်။ နောက်ဆုံးတစ်ခါမှာတော့ ခရစ်ရဲ့ဘဝအရမ်းကိုထိခိုက်သွားသည်။ သူ့သူဌေးနဲ့သူ့လူက ရှောင်ကျန့်ကိုငွေအများကြီးပေးဝယ်ဖို့တောင်းဆိုလာတဲ့အခါမှာလက်မခံချင်တာကြောင့် သူ့သူဌေးသဘောမကျသည့်အန္တာရာယ်များသော လူတစ်ယောက်ကိုသတ် ပေးခဲ့သည်။ ဘာလို့ဆဲဆိုတော့ သူရှောင်ကျန့်ကိုအရမ်းချစ်လို့ ရှောင်ကျန့်ဘဝအဆင်ပြေဖို့အတွက် ရှိသမျှနဲ့ဆိုင်ဖွင့်ပေးခဲ့ပြီး ဝမ်ရိပေါ်နဲ့လက်ထပ်ပေးခဲ့သည်။ သူထင်သည် ဝမ်ရိပေါ်က ရှောင်ကျန့်ကို ကာကွယ်ပြီးဂရုစိုက်ပေးနိုင်မယ်လို့ပေါ့။ အခုလိုပိုင်စိုးပိုင်နင်းတဲ့ ကြမ်းတမ်းရိုင်းစိုင်းတယ်ဆိုတာသူမသိခဲ့ ပေ။ ခရစ်ကသူထပ်ပြီးမထွက်သွားခင် လက်ထပ်ပေးခဲ့တာဖြစ်တယ်။..

YOU ARE READING
My Abusive husband ||Translation||<Completed>
FanfictionBy @pricelessjew22 ⚠️⚠️⚠️အရိုင်းဆန်ကာ ရှုပ်ထွေးပွေလီတဲ့အိမ်ထောင်ရေးမှာ ရိုက်နှက်ခြင်းနှင့် သွေးထွက်သံယိုများပါဝင်ပြီး ဇာတ်ကောင်ကို ပိုင်စိုးပိုင်နင်းဆန်ဆန် ဖန်တီးရေးသားထား သော Fic မို့လို့ Sensitive ဖြစ်တဲ့သူများရှောင်ပေးဖို့ မေတ္တာရပ်ခံပါသည်။⚠️⚠️⚠️...