ဝမ်ရိပေါ်သူရဲ့တစ်နေတာကို ရှောင်ကျန့်ကို ဆူပူနေတာတွေနဲ့ပဲ ကုန်ဆုံးစေသည်။ အလုပ်ကပြန်လာတာနဲ့ သု့နောက်ကွယ်မှာ ဘယ်သူနှင့် တွေ့လဲဘာတွေလုပ်လဲ ဒါပဲသူစိတ်ဝင်စားသည်။ လက်ထပ်ပြီးသားယောက်ျားငယ်လေးတွေနဲ့ မိန်းမတွေက ရှောင်ကျန့်ကို သဘောကျလိမ့်မည်။ သူ့အတွေးထဲ စိတ်ထဲမှာလွှမ်းမိုးနေသည်။ ဒါကြောင့် jane နဲ့တွေ့ဖို့ကိုလဲသူတာမြစ်ခဲ့ခြင်းပင်။ သူမကယောက်ျားတွေကိုဖျားယောင်းလိမ့်မည်။ ရှောင်ကျန့်နဲ့တွေ့ရင်လည်း အဲ့လိုလုပ်လိမ့်မည်။ သူမကိုသူမယုံဘူး။သူတို့လက်ထပ်တာနှစ်အတော်ကြာပေမယ့် သူ့အိမ်ကိုဧည့်သည်လာခွင့်ပိတ်ထားသည်။ အပြင်ထွက်ခွင့်ကိုလဲပိတ်ထားသည်။ အိမ်ထဲမှာလူငယ်လေးတွေနဲ့စကားပြောနေမလား။ အိပ်နေမလား။ သူကိုထားပြီးအိမ်ကနေထွက်သွားလိမ့်မလား။ သူမသိနိုင်ဘူးလေ ဒါကြောင့်သူ့အိမ်မှာရော ခန္တာကိုယ်တွေမှာရော မမြင်ကင်မရာသေးသေးလေးတွေအနှံ့တပ်ထားငည်။ ဒါမှသူကမ္ဘာမြေကြီးရဲ့ဘယ်နေရာရောက်ရောက် ရှာတွေ့နိုင်မှာလေ။
"ကျန့် မင်းကိုငါအိမ်မှာပဲနေလို့မပြောထားဘူးလား မင်းရဲ့အနားမှာငါမရှိခင် မင်းကိုတစ်ယောက်ယောင်ဖြားယောင်းခဲ့ရင်ဘယ်လိုလုပ်မလဲ။ မင်းကအရမ်းလှတယ် မင်းရဲ့အလှတွေကိုငါတစ်ယောက်ထဲပဲမြင်ခွင့်ရှိတယ် မင်းယောက်ျားကမင်းကိုအရမ်းချစ်တယ် မင်းနားမလည်ဘူးလား မင်းဘာဖြစ်ချင်လဲ ငါအကုန်လုပ်ပေးမယ်။ ငါ့ကိုသာပြောလိုက်.ငါ့ကိုနာကျင်အောင်လုပ်စေချင်နေတာလား။ ငါနောက်ဆုံးအကြိမ်သတိမပေးခဲ့ဘူးလား။ မင်းအတွက်ဘာတွေမှားနေတာလဲ။ဘာလဲပြော "
ဝမ်ရိပေါ်အသံကျယ်ကျယ်နဲ့သူ့အိမ်သားကြောက်ရွံ့အောင် ဆူပူကြိမ်းမောင်းသည်။
ဆက်လက်ပြီးရိပေါ်က..
"ငါ့ကိုပြော မင်းတခြားအရာတွေကိုဖျားယောင်းချင်နေသေးတာလား။ တခြအရာတွေလိုအပ်နေသေးလား.မင်းတောင်းဆိုတာတွေငါ မလိုက်လျောခဲ့လို့လား။ ပိုက်ဆံတွေ.လက်ဝတ်ရတနာ၊ အဝတ်စား၊ ပြီးတော့ငါတို့ကလေးရဲ့မိဘတွေ့ဆုံပွဲတွေရော မင်းဆရာတွေကိုပြုံးပြနေတာငါမကြိုက် ပေမယ့်ငါခွင့်ပြုပေးခဲ့တယ်။ မင်းယောက်ျားကမင်းကိုသိပ်ချစ်တယ်။ ဒါကြောင့်လျှောက်မသွားခိုင်းဘူးဆိုတဲ့ ငါ့ဆန္နကိုဘာလို့မသိရတာလဲ မင်းယောက်ျားဆီကိုပဲလာရမယ်။ တခြားဆီမသွားရဘူး ဒါမင်းကိုပထမဆုံးနဲ့ နောက်ဆုံးအကြိမ်သတိထပ်ပေးတာပဲ။ အခုငါ မင်းနဲ့ဆွေးနွေးနေတာ ။ နောက်တစ်ကြိမ်! နောက်တစ်ဆိုကျန့် ....."
![](https://img.wattpad.com/cover/288334089-288-k224095.jpg)
VOCÊ ESTÁ LENDO
My Abusive husband ||Translation||<Completed>
FanficBy @pricelessjew22 ⚠️⚠️⚠️အရိုင်းဆန်ကာ ရှုပ်ထွေးပွေလီတဲ့အိမ်ထောင်ရေးမှာ ရိုက်နှက်ခြင်းနှင့် သွေးထွက်သံယိုများပါဝင်ပြီး ဇာတ်ကောင်ကို ပိုင်စိုးပိုင်နင်းဆန်ဆန် ဖန်တီးရေးသားထား သော Fic မို့လို့ Sensitive ဖြစ်တဲ့သူများရှောင်ပေးဖို့ မေတ္တာရပ်ခံပါသည်။⚠️⚠️⚠️...