ကလေးတွေကျောင်းပထမနှစ်ဝက်ပြီးတော့ ကျောင်းကို ရှောင်ကျန့်ဖိတ်ကြားခံရသည်။ သူသွားဖို့ဝမ်ရိပေါ်ကိုခွင့်တောင်းဖို့ဆုံး ဖြတ်လိုက်ပေမယ့် သူ့ကိုဆူပူတာတို့ ရိုက်တာတို့ကို သမီးကိုမမြင်စေချင်တော့တာကြောင့် တစ်နေ့လုံးစဉ်းစားနေ၏။ ဘယ်လိုနည်းလမ်းကများသူ့ကိုခွင့်ပြုပေးနိုင်မှာလဲဆိုတာပေါ့။
သူလေကောင်းလေသန့်ရှုဖို့လဲလိုအပ်တယ် အိမ်မှာပဲနေနေရတာအရမ်းငြီးငွေ့ဖို့ကောင်းလှသည်။ အိပ်လိုက် ထလိုက် ဖုန်းသုံးလိုက်အဲ့တာတွေလဲမလုပ်ချင်တော့ ပေ။ ဖုန်းသုံးရပေမယ့်လည်း သူ့အတွက်အသုံးမဝင်ခဲ့ပါ။ သူနဲ့လက်ထပ်ပြီးကတည်းကကောင်းကောင်းမသုံးရခြေ။
(တစ်ခုခုကန့်သတ်ထားတဲ့သဘောပါဥပမာ အင်တာနက်မသုံးရတာတို့ဘာတို့)
တစ်ခါက ဖုန်းနံပါတ်အစိမ်းက မှားပြီး ၃ခါ ခုဝင်ထားတာကို သူ့ချစ်သူလို့ထင်မှတ်ကာ sim cartကိုရိုက်ချိုးလိုက်ပြီး အသစ်တစ်ခုထပ်ထည့်ခဲ့ေသးသည်။ ရိပေါ်ကသူ့အိမ်သား ကိုသူများခိုးမှာသိပ်ကြောက်ပါသည်။
ဝမ်ရိပေါ်ကသူ့အိမ်သားကိုအရမ်းသဝန်တိုသူဖြစ်သည်။ သူ့ဇနီးကိုဘယ်သူလိုက်ကြည့်လဲ သူအမြဲစောင့်ကြည့်တတ်သည်။ သိပြီဆိုတာနဲ့ အဲ့ဟာဝမ်ရိပေါ်မျက်လုံးအစုံဟာ ဘာမှမမြင်တော့ပဲ သူတို့ရဲ့မိသားစုတွေကိုပါတိုက်ခိုက်သည်။ သူက ကင်မရာတွေကိုနေရာအနှံ့တပ်ထားပြီး ရှောင်ကျန့်၏ ဖုန်းတွေကိုလည်းထိန်းချုပ်ထားသည်။ သူ့အိမ်သားဘာလုပ်နေလဲ အိပ်နေလား နိုးနေလား သူမမြင်နိုင်တဲ့နေရာ တစ်နေရာမှမရှိပေ။
ရှောင်ကျန့်က ဝမ်ရိပေါ်သူ့ကို့ ကလေးတွေဆီခွင့်ပြုပေးနိုင်မယ့်အကြံတစ်ခုကိုစဉ်းစားမိသွားပြီး ရှောင်ကျန့်သူစတင်လှုပ်ရှားတော့သည်။ သူသူ့ခင်ပွန်းနဲ့ သမီးကြိုက်တတ်တဲ့အစားတွေကိုချက်ပြီး ထိုင်စောင့်နေလိုက်သည်။ ခနကြာတော့ကျောင်းကား ဟွန်းသံကြားရပြီး bodyguardကကလေးကိုအထဲခေါ်လာခဲ့သည်။
"မာမီ"
ရှန်းကသူ့အမေဆီပြေးလာသည်။
"မာမီ သမီးအရသာရှိတဲ့အနံ့လေးတစ်ခုရနေတယ်"
KAMU SEDANG MEMBACA
My Abusive husband ||Translation||<Completed>
Fiksi PenggemarBy @pricelessjew22 ⚠️⚠️⚠️အရိုင်းဆန်ကာ ရှုပ်ထွေးပွေလီတဲ့အိမ်ထောင်ရေးမှာ ရိုက်နှက်ခြင်းနှင့် သွေးထွက်သံယိုများပါဝင်ပြီး ဇာတ်ကောင်ကို ပိုင်စိုးပိုင်နင်းဆန်ဆန် ဖန်တီးရေးသားထား သော Fic မို့လို့ Sensitive ဖြစ်တဲ့သူများရှောင်ပေးဖို့ မေတ္တာရပ်ခံပါသည်။⚠️⚠️⚠️...