8

2.5K 205 21
                                    


ဝမ်ရိပေါ်အိမ်ရောက်သည့်တိုင် ထိုတံခါးစောင့်နှင့် သူ့အိမ်သားအကြောင်းတွေးနေသည်။ ဘာလဲ သူဒီသုံးရက်အတွင်း ငါ့ကိုငြင်းနေတာက ဒီတံခါးစောင့်ကြောင့်လား သူ့အိမ်သား အဲ့ဒီတံခါးစောင့်နဲ့ အိပ်အိပ်မ အိပ်အိပ်စစ်ဆေးမနေချင်ပါ။ မသိချင်ပါ။ အိမ်ရောက်တာနှင့် ချက်ချင်း အလုပ်ထုတ်ပစ်မည်။ သူလူ‌တစ်ယောက်အပေါ်ကြင်နာမှုမထားပါ။ သူ့အိမ်သားနှင့်ပါတ်သတ်လျှင် သူဘာကိုမှ ချင့်ချိန်တွေးတော့ခြင်းမရှိပါ။ သူအာရုံထားတာတစ်ခုက သူ့အိမ်သားအနားရောက်လာသည့် အရာတိုင်း လူတိုင်းကို သူရှင်းထုတ်ပစ်မည်။

ဝမ်ရိပေါ်ကားဟွန်းသံကြားတာနဲ့ တံခါးစောင့်က ချက်ချင်းလာဖွင့်ပေးသည်။ သူအိမ်ထဲကိုကားသွင်းလိုက်ပြီး နောက်လျှင်မြန်စွာကားပေါ်ကခုန်ဆင်းလိုက်သည်။ သူတံခါးစောင့်နားကိုဖြေးဖြေးချင်းလျှောက်လာပြီး အေးစက်စွာ‌စိုက်ကြည့်တော့ တံခါးစောင့်က ကြောက်ရွံ့လာသည်။ တံခါးစောင့်က သူ့ကိုယ်သူပြန်မေးလိုက်မိ၏။

*ငါတစ်ခုခုအမှားလုပ်ထားလား*

"ကြို ကြိုဆိုပါတယ် ဆရာ ငါ ဆရာ့အတွက် တစ်ခုခုလုပ်ပေးရမလား"

ဝမ်ရိပေါ်ကခေါင်းစခြေဆုံးခေါက်တုန့်ခေါက်ပြန်ကြည့်နေတော့ သူကျက်သီးတွေထလာသည်။

"အခု ဘာဖြစ်ဖြစ်မင်းငါ့အိမ်ကထွက်သွားတာ ငါလိုချင်တယ်"

ဝမ်ရိပေါ်ရဲ့အသံအနေထားနဲ့ စိတ်တိုနေတဲ့အမူယာက နောက်နေတာမဟုတ်မှန်း တံခါးစောင့်သိသည်။ ဒါပေမယ့် အလုပ်ရှင်ကသူ့ကိုအလုပ်ထုတ်လိုက်တဲ့အကြောင်းကို သူသိသင့်သည်။ သူ့ သူဌေးနဲ့ မိန်းမအပေါ်သူဘာမှအမှားမလုပ်ခဲ့ပါ။ သူ့တာဝန်ဖြစ်တဲ့ တံခါးအဖွင့်အပိတ်အလုပ်ကိုသူတာဝန်ကျေအောင်လုပ်ခဲ့သည်။ သူဘာလို့အလုပ်ကနားလိုက်ရတာလဲ? သူအံ့ဩစွာမေး‌ လေပြီ...

ဆရာ ဘာလို့အလုပ်ထုတ်တာလဲ ကျွန့်တော့်ကိုအလုပ်ထုတ်ရတဲ့အကြောင်းကဘာလဲ အဲ့လိုသာမေးလိုက်လို့ကတော့ ‌သူ့ခြေထောက်နှစ်ချောင်းကပြေးဖို့ပြင်ထားရလိမ့်မည်။
သူဒီမှာ အလုပ်လုပ်လာတာ 10နှစ်ကျော်ပြီ။ဆရာ့အိမ်သား၏ အော်ဟစ်သံတွေလဲ သူအမြဲကြားရသည်။ ရိုက်သည်။ တစ်ခါတစ်လေခါးပတ်နဲ့ရိုက်သည်။ အဲ့ဒီအခါသူ့အိမ်သားကပြေးလာတတ်သည်။ သနားစရာသူ့အိမ်သားက သူလုံခြုံဖို့အတွက်ကြိုးစားနေခဲ့ရသည်။ဝမ်ရိ‌ပေါ်ဒေါသတွေကို သူသိသည်။ ဒီလိုမေးခြင်းက သူ့ဒေါသကိုဆွသလိုဖြစ်လိမ့်မည်။.

My Abusive husband ||Translation||<Completed>Donde viven las historias. Descúbrelo ahora