"အား..အရမ်းနာတယ်"
"ခနလေး အဆင်ပြေသွားလိမ့်မယ် ခနလေး"
"အား..တကယ်နာတယ်"
ရိပေါ်အသံလာရာကိုကြည့်မှန်းပြီး သေနတ်နဲ့ချိန်လိုက်သည်။သူ့အိမ်သားကိုလုပ်နေတဲ့အကောင်ကိုသူသေသတ်ပစ်မယ် ဟုတွေးလိုက်၏။
"Daddy"
သူ့ကလေးတွေအားလုံး ထအော်ကြသည်။ ရှန်းက ရှောင်ကျန့်ဆီပြေးကာဖတ်ထားလိုက်ရာ ရှောင်ကျန့်က ပြန်လည်ဖက်တွယ်ထားလိုက်ပြီး သူ့ခင်ပွန်းဆီ အကြည့်ရောက်လာသည်။ သူ့ခင်ပွန်းဘာလို့သေနတ်နဲ့ချိန်လဲ သူနားလည်အောင်ကြိုးစားလိုက်သည်။
ရိပေါ်က သားတွေနဲ့ အိမသားကို အေးစက်စွာ စူးစိုက်ကြည့်ပြီး ဝီလီယံဆီအကြည့်ရောက်သွားသည်။ ဝီလီယံရဲ့နှလုံးသားတွေက အစောကတည်းက အဝေးကိုလွင့်ပျံသွားပြီဖြစ်ပြီး ဒီငမိုက်သားလူသတ်သမားဆီက အသက်ခံရဖို့သူစောင့်နေရလေပြီ။
ဝမ်ရိပေါ်ထိုကောင်လေးကို အေးစက်စွာနှင့်သတ်ချင်စိတ်ပေါက်သည့် အကြည့်တွေနဲ့ကြည့်နေသည်။
"ဆရာ ကျွန်တော် သူ့ရဲ့ဒဏ်ရာကိုကုပေးဖို့ကြိုးစားရုံပါ"
"ပါးစပ်ပိတ်"
ဝမ်ရိပေါ်ရဲ့ အေးစက်ပြီးအက်ကွဲလှတဲ့အသံကျယ်ကြီးက အားလုံးကိုသေးထွက်မတတ်ကြောက်ရွံ့သွားစေသည်။
"Honey"
"ပိတ်ထား မင်းစောက်ပါးစပ်ကိုပိတ်ထား ငါမင်းကိုမမေးဘူး"
ထိုနောက်ရိပေါ်ကဝီလီယမ်ဘက်ကိုလှည့်သွားပြီး...
"Doctor,ငါ့အိမ်ကိုမလာဖို့ ခင်ဗျားကိုဘယ်နှစ်ခါသတိပေးရမှာလဲ အထူးသဖြင့် ငါမရှိတဲ့အချိန်တွေမျိုးပေါ့..ဘယ်နှခါသတိပေးရမှာလဲ"
ဝီလီယံပါးစပ်အဟောင်းသားနဲ့ ပြောစရာစကားတွေပျောက်ရှကုန်သည်။
"ကျွန်တော် ကျွန်တော်က ဖန်ရှင်းဆီလာလည်ရုံသက်သက်ပါ"
"ပါးစပ်ပိတ် ပါးစပ်ပိတ်ပြီး ငါ့အိမ်ကအခုထွက်သွား"
ဝမ်ရိပေါ်အိမ်တံခါးမကို အကျယ်ကြီးဖွင့်ပေးတော့ ဝီလီယံက သူ့အိတ်ကိုကောက်ပြီး နောက်လှည့်မကြည့်ပဲထွက်သွားတော့သည်။
![](https://img.wattpad.com/cover/288334089-288-k224095.jpg)
YOU ARE READING
My Abusive husband ||Translation||<Completed>
FanfictionBy @pricelessjew22 ⚠️⚠️⚠️အရိုင်းဆန်ကာ ရှုပ်ထွေးပွေလီတဲ့အိမ်ထောင်ရေးမှာ ရိုက်နှက်ခြင်းနှင့် သွေးထွက်သံယိုများပါဝင်ပြီး ဇာတ်ကောင်ကို ပိုင်စိုးပိုင်နင်းဆန်ဆန် ဖန်တီးရေးသားထား သော Fic မို့လို့ Sensitive ဖြစ်တဲ့သူများရှောင်ပေးဖို့ မေတ္တာရပ်ခံပါသည်။⚠️⚠️⚠️...