2ရက်ကြာသည့်တိုင် ရှောင်ကျန့်ကရိပေါ်ကိုရှောင်နေသည်။ သူ့အပေါ်ဖိအားပေးတာတွေများလှတာကြောင့် ဒီတစ်ခါတော့အလျှော့မပေးနိုင်တော့ပါ။ သူ့အပေါ်အလွန်အကြူး ပိုင်ဆိုင် ချင်စိတ်တွေ အလွန်အကြူးကာကွယ်တာတွေလုံလောက်သင့်ပြီ။ သူကဘာလဲ။ သူ့ကလေးလား။ သူကကိုယ်ပိုင်ဆုံးဖြတ်ချက်မချနိုင်တဲ့သူလား။ ဒီလိုပုံမျိုးဘယ်ချိန်ထိဆက်သွားနေမှာလဲ။ ဘယ်လောက်ထိကလေးလို ကာကွယ်မှုတွေထပ်လုပ်နေဦးမှာလဲ။ အဲ့လိုကန့်သန့်ခြင်းတွေကို အိမ်ထောင်ရေးလို့ခေါ်တာလား။သူသူ့ဘဝထဲမဝင်လာခင်ကဆို သူ့အစ်ကိုဖွင့်ပေးထားသည့်ဆိုင်လေးနှင့် အေးအေးဆေးဆေးဖြတ်သန်းနေနိုင်သည်။ သူကျန်းမာသည့် ကလေးသုံးယောက်ကိုလဲမွေးပေးထားပြီးအတူနေနေတုန်းပင်။ ရှောင်ကျန့်သူ့နှလုံးသားကို ဝမ်ရိပေါ်ဆီဆက်ပြီးပုံအပ်ဖို့မဖြစ်နိုင်တော့ပါ။ ဒီလိုပုံစံမျိုးရှေ့ဆက်မသွားချင်တော့ပါ။
သူတကယ်အားလျှော့နေပြီ။ သူလွတ်လပ်စွာရွှေးချယ်ချင်သည်။ လွတ်လပ်စွာကိုယ့်ကိုကိုယ်ထိန်းချုပ်ချင်သည်။ ကိုယ့်ရဲ့ကိုယ်ပိုင်ငွေနဲ့မိသားစုအခြေနေကိုဖြည့်ဆည်းပေးချင်သည်။ ရှောင်ကျန့်ကဘွဲ့ရပြီးသား အပြင်နောက်ထပ်လဲဘွဲ့များစွာနဲ့ ရလာဒ်ကောင်းတွေပိုင်ဆိုင်ထားပေမယ့် နောက်ဆုံးတော့သူအိမ်ရှင်မဖြစ်ခဲ့ရသည်။ အိမ်ကိုဘယ်သူမှလဲ လာလို့မရ။ ဘယ်သူ့ကိုမှလဲခေါ်လို့မရ ။နောက်ဆုံးထိသူ့ယောက်ျားနဲ့ ငြင်းခုံတိုက်ခိုက်မနေတော့ပါ ။ နောက်ထပ် သူကိုစကားမပြောဖို့၊သူနဲ့အတူ ထမင်းမစားဖို့ဆုံးဖြတ်လိုက်သည်။ သူခွင့်မပြုတော့သလို သူ့အတွက်လဲပေါင်မကားပေးနိုင်တော့ပါ။ လာစမ်းပါဘာဖြစ်နိုင်မလဲဖြစ်လာသမျှ လုံလောက်နေပါပြီ။
သူ14လုံးစိတ်ကြိုက်စီမံခဲ့ပြီပဲ။သူ့အချစ်တွေနဲ့ ကာကွယ်မှုတွေက လူတွေကိုအမှိုက်လိုပဲသဘောထားတယ်ပုံဖြစ်နေသည်။ သူတစ်ဖက်သားခံစားချက်တွေကို ဘာမှဂရုမစိုက်တတ်တာကြောင့်ပင်။ အဲ့ဒီလူကသူ့ကိုငမ်းတာလေ ထိတာမှမဟုတ်ပဲ သံသယစိတ်တွေများလို့ဒီလိုတွေဖြစ်ရတာနေ့တိုင်းလိုလိုပါပဲ။
YOU ARE READING
My Abusive husband ||Translation||<Completed>
FanfictionBy @pricelessjew22 ⚠️⚠️⚠️အရိုင်းဆန်ကာ ရှုပ်ထွေးပွေလီတဲ့အိမ်ထောင်ရေးမှာ ရိုက်နှက်ခြင်းနှင့် သွေးထွက်သံယိုများပါဝင်ပြီး ဇာတ်ကောင်ကို ပိုင်စိုးပိုင်နင်းဆန်ဆန် ဖန်တီးရေးသားထား သော Fic မို့လို့ Sensitive ဖြစ်တဲ့သူများရှောင်ပေးဖို့ မေတ္တာရပ်ခံပါသည်။⚠️⚠️⚠️...