ရှောင်ကျန့် janeရဲ့အိမ်ကနေလေးပင်စွာပြန်လာသည်။
"ရိပေါ်ဘယ်လိုတောက် jane ကိုအဲ့လိုပြောလိုက်တာလဲ သူ့အပြုမူတွေက တခြားလူတွေအပေါ်မှာတောင်ဆိုးသည်ထက်ဆိုးလာပြီ သူ့ကိုပြောင်းလဲအောင်ဘယ်လိုလုပ်ရမှာ လဲ ဘယ်အချိန်များပြောင်းလဲမှာလဲ ငါသူနဲ့လက်ထပ်ပြီး လှပတဲ့ကလေး၃ယောက်လဲမွေးပေးခဲ့တယ် သူ့စည်းကမ်းတွေလဲနားထောင်ခဲ့တယ် ဒါကိုသူက မစဉ်းစားမဆင်ခြင်ပဲ အမှားတွေထပ်လုပ်နေတယ် ဘုရားလဲသူ့ကိုပြောင်းလဲပေးဖို့မတတ်နိုင်တော့ဘူးလား ဘာလို့လဲ ဘာလို့အခုချိန်ထိ ဒီလိုဖြစ်နေသေးတာလဲ"
ရှောင်ကျန့်တစ်လမ်းလုံးငိုလာရင်း သူ့အိမ်ကိုသူပြန်ရောက်တဲ့အခါမှာတော့ ခြံတံခါးကိုဖွင့်ပြီးဝင်လိုက်ရာ ကလေးတွေကတော့ တီဗီကြည့်နေတုန်းပင်။ဖန်ရှင်းရှောင်ကျန့်ကို မြင်လိုက်ရတဲ့အခါမှာတော့ သူတစ်ယောက်ထဲနေဖို့လိုအပ်နေပြီဆိုတာသိတာကြောင်း သူ့မောင်နှမတွေကိုအပေါ်ထပ်ကိုခေါ်သွားလိုက်သည်။
မကြာခင်မှာတော့ ဝမ်ရိပေါ်ရဲ့ကား ဝင်လာပြီး အိမ်ထဲကိုဝင်လာချိန်မှာတော့ ဆိုဖာရှည်ပေါ်မှာ ငိုနေတဲ့သူ့အလှလေးကိုတွေ့လိုက်ရ၏။ မျက်ရည်တွေကသူ့ပရောဂမကင်းတာကိုသူသိသည်။ ဒါကြောင့်သူရှောင်ကျန့်ဘေးမှာဝင်ထိုင်လိုက်ရာ ရှောင်ကျန့်က ဟိုဖက်တိုးသွားပြီး သူကလိုက်တိုးကာ ရှောင်ကျန့်မျက်နှာလေးကိုလက်နှစ်ဖက်နဲ့ အုပ်ကိုင်လျှက်..
"Baby မင်းငါ့ကိုစိတ်ဆိုးနေတုန်းလား ငါမင်းရဲ့သူငယ်ချင်းကိုစော်ကားမိလို့တောင်းပန်ပါတယ် ငါကမင်းကိုဖွက်ထားတယ်ထင်လို့ လုပ်မိတာ နောက်မဖြစ်စေရပါဘူး ကတိပေးတယ် baby please ခွင့်လွှတ်ပေးပါ"
ရှောင်ကျန့်က သူ့လက်ကိုရိုက်ထုတ်လိုက်ပြီး..
"မင်းကတိပေးတာလဲ ခနခနပဲ ချိုးဖောက်တာလဲခနခနပဲ မင်းအခုလုပ်နေတာတွေအတွက်မင်းမပင်ပန်းဘူးလား မင်းအခုjaneကိုလုပ်လိုက်တဲ့အပြုမူကဘာလဲ ဘာတွေလဲရိပေါ် ငါမင်းရဲ့ဇနီးအဖြစ်ကောအသိမှတ်ပြုသေးရဲ့လား မင်းငါ့ကိုသေစေချင်နေတာလား သေစေချင်တာမဟုတ်ရင် တစ်ခုခု ဖြစ်စေချင်နေတာလား"
YOU ARE READING
My Abusive husband ||Translation||<Completed>
FanfictionBy @pricelessjew22 ⚠️⚠️⚠️အရိုင်းဆန်ကာ ရှုပ်ထွေးပွေလီတဲ့အိမ်ထောင်ရေးမှာ ရိုက်နှက်ခြင်းနှင့် သွေးထွက်သံယိုများပါဝင်ပြီး ဇာတ်ကောင်ကို ပိုင်စိုးပိုင်နင်းဆန်ဆန် ဖန်တီးရေးသားထား သော Fic မို့လို့ Sensitive ဖြစ်တဲ့သူများရှောင်ပေးဖို့ မေတ္တာရပ်ခံပါသည်။⚠️⚠️⚠️...