24

1.6K 142 26
                                    

အခုသွားနေတဲ့နေရာကတော့ မြို့နဲ့ဝေးတဲ့နှစ်နာရီနီးပါးမောင်းရသည့် နေရာလေးပင်ဖြစ်ကာ လမ်းတစ်လျှောက်လုံးလဲငြီးငွေ့စွာတိတ်ဆိတ်နေခြင်းကချန်း၏ ဒေါသ‌တွေကိုပံ့ပိုးနေ၏။

*ဘာဖြစ်လို့လို့ငါတို့ကိုမြို့နဲ့ဝေးတဲ့နေရာကိုလာပို့တာလဲ သူပထုတ်တာမဟုတ်ဘူးလား ငါတို့ကိုဒီမှာလာထားပြီး သူကတော့ သူမိသားစုနဲ့မြို့ထဲမှာအေးဆေးနေမယ်မယ်ပေါ့ one night stand ဆိုပြီးငါ့ကိုအမှိုက်ပုံကိုပစ်တော့မယ်ပေါ့ သူ့ကိုအာရုံမစိုက်ဘူးဆိုရင် သူ့မိသားစုကိုဖျက်စီးမယ်သူနားမှာဘယ်သူမှရက်တည်မှာမဟုတ်ဘူး ငါလုပ်မှာ အသေချာပဲ..*

တစ်လမ်းလုံးသူဝမ်ရိပေါ်ကိုစကားပြောပေမယ့် ရိပေါ်ကစိတ်ပျက်စွာပင် သူ့ကိုတစ်ချက်မှာမကြည့်ခဲ့။.ရိပေါ်တောက်လျှောက်လူသတ်သမားမျက်လုံးမျိုးသာဖြစ်နေပြီး လမ်းကိုသာအာရုံထားရင်းရုပ်ပုံတွေကိုဆက်နေတဲ့ လီလီဆီအကြည့်ရောက်သွားရာ လီလီရဲ့အသားရောင် ဆံပင်အရောင် မျက်လုံးအရောင်‌ေတွတော့သူနဲ့တူသည်။ ကျန့်မွေးထားတဲ့ ကလေးပုံစံမျိုးပါပဲ သူကငါ့ကလေးဖြစ်နိုင်လား...
ရိပေါ်စိတ်ဖိစီးမှုတွေ့ကြောင့်တစ်ချက်တစ်ချက်မျက်လုံးကိုပိတ်ကာသက်ပြင်းချလိုက်သည်။

အိမ်အသစ်ကိုရောက်တော့ သူတို့ရဲ့အထုတ်ပိုးတွေကိုအထဲထည့်ပေးလိုက်သည်။.ဒီအိမ်လေးက‌ရှောင်းနဲ့ကလေးတွေအတွက်ဆောက်ထားတဲ့အိမ်လေး။ဆောက်ပြီးတာမှ မကြာသေးတဲ့အသစ်ကလေး။ ဒီ‌အိမ်လေးကို ရိပေါ်ဆောက်ထားရတဲ့ရည်ရွယ်ချက်က ခုလိုဘယ်သူမှ မရှိတဲ့နေရာမှာဆို သူ့ရဲ့အရမ်းလှတဲ့ကျန့်ကိုကြည့်မယ်သူမရှိတော့ဘူး။ ဒီနေရာကမြို့နဲ့ဝေးသည်။ သူသူလဲနည်းသည်။ သူ့ရဲ့ရုံးကိုလဲဒီမှာလာဆောက်ဖို့ပါပြင်ဆင်ထားသည်။ ဒီအိမ်အတွက်သူငွေတွေအများကြီးအကုန်ခံခဲ့ရသည်။ သူကျန့်ကိုမွေးနေရောက်ရင် ဒီအိမ်လေးကို အံ့ဩအောင်လက်ဆောင်ပေးမယ်ဆိုပြီးကျန့်နာမည်နဲ့ဆောက်ထားခြင်းဖြစ်သည်။

*ငါ့မှာရွေးချယ်စရာမရှိဘူး ကျန့်ရဲ့နောက်ကွယ်မှာဒီကိုလာရတာမျိုးလုံးဝသဘောမကျဘူး ငါမင်းကိုပေးမယ့်အိမ်လေးသူများကို ပထမဆုံးပေးနေလိုက်ရလို့ ငါတောင်းပန်ပါတယ် ငါတစ်ကယ်ကိုတောင်းပန်ပါတယ် ငါ့ကိုခွင့်လွတ်ပါ..ဒါပေမယ့်စိတ်မပူပါနဲ့ငါမင်းကိုဒီထက်ကောင်းတာတစ်ခုထပ်‌ဆောက်ပေးမှာပါ ပြီးတော့ပထမဆုံးလာရတဲ့သူကမင်းပဲဖြစ်ရမယ်..*

My Abusive husband ||Translation||<Completed>حيث تعيش القصص. اكتشف الآن