47

1.8K 133 14
                                    

ကလေးတွေကျောင်းရှေ့မှာဝမ်ကျဲက ကားကိုရပ်လိုက်သည်။ပြီးတော့သူမရှောင်ကျန့်လက်ကလေးကိုကိုင်ကာ...

"ကျန့် မင်းမှတ်ထားပါ ဘယ်သူဘာပြောပြောဂရုမစိုက်နဲ့ ငါဆေးရုံကပြန်လာတဲ့ခါတွေ့ကြမယ်။ပြီးတော့မင်းကြိုက်သလိုဆုံးဖြတ်လို့ရတယ် မင်းငါ့မောင်နဲ့ကွာရှင်းချင်တယ်ဆိုရင်တောင်ငါမင်းဖက်မှာရှိတယ်"

"အားလုံးကအမှားတွေဖြစ်နေပါစေလို့မျော်လင့်ပါတယ် ငါတို့အိမ်မှာဆုံကြမယ်"

ရှောင်ကျန့်ကပြောတော့ ဝမ်ကျဲကသူ့ကို တောင်းပန်ပြီးခယတဲ့အကြည့်တွေနဲ့ကြည့်ကာပြုံးပြတယ် ဒီအကြည့်တွေကိုရှောင်ကျန့်နားလည်သည်။ ဒါပေမယ့် ဝမ်ရိပေါ်ရဲ့သူ့အပေါ်လုပ်ရပ်တွေအတွက် သူပြတ်သားမှဖြစ်မယ် ဒီလိုပုံစံမျိုးထပ်ဖြစ်မခံနိုင်ဘူး..

ဝမ်ကျဲက ကားကိုကျောင်းထဲကမောင်းထွက်လာပြီးနောက်..

"ငါလဲအမှားတွေပဲဖြစ်နေပါစေလို့မျော်လင့်တယ် တွေ့ကြသေးတာပေါ့ချန်း ဒီကလေးကဝမ်ရိပေါ်ရဲ့ကလေးမဟုတ်ဘူးဆိုတာ ငါအသေချာပြောရဲတယ် တကယ်လို့ငါ့ရဲ့မောင် ကွာရှင်းခဲ့ရတယ်ဆိုတာတောင် မင်းဘယ်တော့မှငါ့မောင်ကို မပိုင်စေရဘူး"

--------
ချန်းတစ်ယောက် ကျေနပ်မှုများစွာနဲ့တစ်ယောက်တည်းတွေးပျော်နေ၏။

သူဝမ်ရိပေါ်ဆီအမြဲသွားပြီး ဝမ်ရိပေါ်ကိုချစ်တာသူတစ်ယောက်ပဲရှိကြောင်း ရှောင်ကျန့်ကလုံးဝကို မချစ်တော့တဲ့အကြောင်း သူနေ့တိုင်းသွားပြောတယ် တစ်နေ့တော့စိတ်ယိုင်လာပြီး သူ့အနားမှာရှိတဲ့သူကိုပဲ ရွေးခြယ်မှာပဲ။

"မကြာတော့ပါဘူး သိပ်မကြာတော့ပါဘူး ဝမ်ရိပေါ်ကငါ့ဆီရောက်လာတော့မှာငါအနစ်နာခံပြီး သူ့နားမှာအမြဲရှိပေးတာကြောင့်ငါ့ဆီကိုပဲစိတ်ယိုင်လာလိမ့်မယ်။ လီလီကသူ့သမီးမဟုတ်လဲကိစ္စမရှိဘူး နောက်ဆိုDNAကိစ္စမေးလာမှာတောင်မဟုတ်ဘူးဟား ဟား ဟား ငါဘာမဆိုလုပ်နိုင်တယ် ကျန့် အခု ငါမင်းနဲ့မင်းရဲ့ကလေးတွေကို သတ်နေပြီ ဟ ဟ"

စသည်ဖြင့်‌ ပြောရင်း ကျေနပ်နေစဉ်..ဖုန်းဝင်လာရာ..

"ဟဲလို"

My Abusive husband ||Translation||<Completed>Where stories live. Discover now