"အဲ့ဒီနားညည်းတဲ့မိန်းမက လင်မယားကြားထဲလာရှုပ်နေတယ် သူနဲ့ဘာဆိုင်လို့လဲ သူများအိမ်ထောင်ရေးကိုလာရှုပ်နေတယ်ညဘယ်လိုတောင်မှလဲ ငါကဥပဒေနဲ့အညီ သူ့တူကိုတလေးတစားလက်ထပ်ယူထားတာကို ဘာဖြစ်နေတာလဲ -ိုးထဲမှပဲ"
ရိပေါ်အော်ဟစ်ကာ သောင်းကျန်းနေသည်။ အကြောင်းက ရှောင်ကျန့်ကိုသူနဲ့အိပ်ရန် သူ့အဒေါ်ကပိတ်ပင်ထားသောကြောင့်ဖြစ်သည်။ ရှောင်ကျန့်၏အဒေါ်ဆိုတာကြောင့်သူလေးစားမှုထားပေမယ့် ခုလိုသူ့အိမ်ရဲ့ ကိုယ်ရေးကိုယ်တာထိဝင်စွတ်ဖက်နေတာကိုတော့ခွင့်မပြုနိုင်ပေ။
ရိပေါ်တွေးရင်းနဲ့ဒေါသတွေထွက်ကာ အိပ်မရနိုင်ပဲသွေးတွေဆူပွက်နေ၏။
"Baby ကျေးဇူးပြုပြီး ငါပြောတာနားထောင်ပါ ငါ့နဲ့အိပ်ဖို့အပေါ်ထပ်ကိုတက်ခဲ့ပါ သူပြောတာကိုနားမထောင်ပါနဲ့ သူ့ဆုံးဖြတ်ခက်ကိုမရွေးခြယ်လိုက်ပါနဲ့ ငါ့နဲ့လာအိပ်ပါ please အဲ့မိန်းမကဆူပူတဲ့မိန်းမပဲ babyငါမင်းကိုစောင့်နေတယ် ငါ့ဆီလာခဲ့ပါ"
ရိပေါ်အတွေးတွေကိုလုံးဝမရပ်တန့်နိုင်ပဲအိပ်မရဖြစ်နေသည်။ အသက်ရှုသံတွေမြန်ဆန်ပြီးအရမ်းမောပန်းကာညရှောင်ကျန့်အလာကို ကုတင်ပေါ်မှာထိုင်စောင့်နေ၏။
ရိပေါ်ရဲ့သက်ပြင်းချသံကိုကြားလိုက်ရတဲ့ရှောင်းကျန့်က...
"အန်တီ ကျွန်တော်သူ့ကိုတွေ့ချင်တယ် အခန်းထဲကိုသွားခွင့်ပြုပါ သူစိတ်ဆိုးလိမ့်မယ်"
"ဒီကနေတစ်လက်မလောက်ရွေ့တာနဲ့ နင့်ခြေထောက်ကိုငါရိုက်ချိုးပစ်မယ်"
သူမအော်လိုက်တော့ရှောင်ကျန့် တုန်သွားပြီးပြန်ထိုင်လိုက်သည်။
"အဲ့လောက်ရိုက်နေတာတောင်သွားချင်နေသေးတာလား အဲ့ကောင်ဘာလို့ဒီလောက်ရဲတင်းနေတာလဲသိလား နင်ကမွှန်ပြီးစုံလုံးကန်းနေလို့ နင့်အပေါ်လေးစားမှုလေးနဲနဲမှတောင်မရှိတော့ပဲ ရဲတင်းနေတာတစ်နေ့ ငါ့ကွယ်ရာမှာနင့်ကိုသတ်လိုက်မလားတောင်မသိဘူး နင်စုံလုံးကန်းနေတာတွေရပ်ပြီး ကလေးတွေအတွက်ထည့်စဉ်းစားဦး ဒါကိုအချစ်လို့မြင်နေသေးတယ် ငါ့အမြင်တော့ ဘာအချစ်မှ မမြင်ဘူး အစိမ်းသက်သက်ပဲ"
YOU ARE READING
My Abusive husband ||Translation||<Completed>
FanfictionBy @pricelessjew22 ⚠️⚠️⚠️အရိုင်းဆန်ကာ ရှုပ်ထွေးပွေလီတဲ့အိမ်ထောင်ရေးမှာ ရိုက်နှက်ခြင်းနှင့် သွေးထွက်သံယိုများပါဝင်ပြီး ဇာတ်ကောင်ကို ပိုင်စိုးပိုင်နင်းဆန်ဆန် ဖန်တီးရေးသားထား သော Fic မို့လို့ Sensitive ဖြစ်တဲ့သူများရှောင်ပေးဖို့ မေတ္တာရပ်ခံပါသည်။⚠️⚠️⚠️...