48

2.1K 118 20
                                    

ရှောင်ကျန့်နဲ့ ဝမ်ကျဲလာတွေ့ပြီးတဲ့နောက်ရိပေါ်က အချုပ်ခန်းထဲမှာဆောက်တည်ရာမရဖြစ်ခဲ့သည်။

ကျန့်ကသူ့ကိုကွာရှင်းမယ်တဲ့ သူဘယ်လိုမှလက်မခံနိုင်ဘူး ကျန့်ကိုအရမ်းချစ်တယ် အရမ်းသဝန်တိုတယ် သူတစ်ယောက်ပဲပိုင်ဆိုင်ချင်တယ် အခုလိုသူ့အိမ်ထောင်ရေးမှာဝင်ပြီးစွတ်ဖက်ခဲ့တဲ့ အစ်မဖြစ်သူကိုလဲသတ်ချင်မိတယ် ချန်းတဲ့မှားခဲ့တဲ့ညကလည်း ဘာကိုမှမှတ်မိပဲ အရက်တွေအလွန်ကျွန်သောက်ပြီးမူးနေခဲ့တယ် သူဘာဖြစ်ခဲ့လဲဆို‌တာတောင် မသိပဲ မနက်ရောက်တော့ hotel အခန်းထဲမှာပဲနိုးလာခဲ့တယ် သူအရမ်းနောက်တရခဲ့တယ် သူ့ရဲ့လှပတဲ့ကိုယ်ဝန်ဆောင် ကျန့်လေးကိုသူထားပြီး မှားခဲ့တဲ့အတွက်နောင်တရတယ်။။။

"Mr Wang yibo,...Mr Wang yibo"

ရဲဝန်ထမ်းတစ်ယောက်ရဲ့အသံကြောင့် ဝမ်ရိပေါ်အသံမပေးပဲ နောက်ဆုတ်ကာပုန်းနေလိုက်သည်။

"Mr Wang yibo မင်းအဆင်ပြေလား မင်းအသက်ရှင်နေသေးလား"

ဝမ်ရိပေါ်ကဘာမှအသံမပြုသဖြင့် ရဲကအထဲဝင်လာရာ ထိုရဲရဲ့ခေါင်းကိုထုချပစ်လိုက်သည်။ရဲကမေ့လဲသွားတဲ့အခါမှာတော့ရဲရဲ့ ဝတ်စုံကိုချွတ်ကာသူလဲဝတ်လိုက်သည်။ ပြီးတော့ သူကုတင်ပေါ်မှာလှဲအိပ်စေလိုက်သည်။သူကတော့ ဦးထုပ်ကို ငိုက်ကာ‌ဆောင်းထားပြီး အပြင်ထွက်လာသည်။ အဲ့ဒီအခါမှာ အပြင်ကရဲတစ်ယောက်က...

"သူအထဲမှာအဆင်ပြေရဲ့လား"

ဝမ်ရိပေါ်ကအသံကို ဖျက်ကာ..

"သူအိပ်နေတုန်းပဲ ငါဗိုက်ဆာလို့တစ်ခုခုသွားဝယ်လိုက်ဦးမယ်"

ဝမ်ရိပေါ်ကခပ်တည်တည်ပင် ကားသော့ကိုယူကာထွက်သွားစဉ် အထဲကနေရဲ၃ယောက်ကလှမ်းအော်တယ်။

"ငါတို့အတွက်ပါဝယ်လာခဲ့"

"မင်းတို့အတွက်ငါဘာမှဝယ်လာမှာမဟုတ်ဘူး သပတ်နဲ့ -ိုးဖို့ ဖင်ပေါက်ပဲဝယ်လာခဲ့မယ်"

ဝမ်ရိပေါ်ကအံကိုကြိတ်ကာသူ့ဘာသာ ပြောရင်းနဲ့ ကားမောင်းထွက်လာခဲ့သည်။

အဲ့လိုနဲ့ဝမ်ရိပေါ်က ရဲစခန်းကနေထွက်လာပြီး အိမ်ကိုပြန်လာသည်။အိမ်ကိုရောက်တော့ သူအိပ်ခန်းထဲဝင်သွားလိုက်ပြီးမွေ့ယာပေါ်အိပ်ချလိုက်သည်။

My Abusive husband ||Translation||<Completed>Where stories live. Discover now