ဝမ်ရိပေါ် ခြံအပြင်မှာထိုင်ပြီး ထုတ်ကုန်၏ ဒါရိုက်တာတစ်ယောက်အနေနီင့် သူ့ကုမ္မဏီထုတ်ကုန်အသစ်အတွက် ပေးပို့လာသည့်မော်ဒယ်ပုံမဂ္ဂဇင်း ကိုထိုင်ကြည့်နေသည်။ ဒီထဲမှာ လှပပြီးခန့်ညားတဲ့မော်ဒယ်တွေ အများကြီးပါပေမယ့် ဝမ်ရိပေါ်ကိုဖမ်းစားနိုင်တဲ့သူတစ်ယောက်မှမရှိပေ။ သူကြည့်ကောင်းတဲ့လူတစ်ယောက်မှမတွေ့။ မိတ်ကပ်တွေထူပိန်းအောင်လိမ်းထားပြီး ဆုပေးချင်စရာတစ်စက်မှမရှိ ဒါကြောင့်သူ အတွင်းရေးမှုးကို ချက်ချင်းဖုန်းလှမ်းဆက်လိုက်သည်။
"သူတို့ကိုဘယ်လိုများပြင်ပေးထားတာလဲ။မိတ်ကပ်တွေဘယ်လိုလိမ်းပေးထားတာလဲ သူတို့ခန္တာကိုယ် ကောက်ကြောင်းတွေကရော တစ်ယောက်မှ ငါတို့ရဲ့ထုတ်ကုန်အသစ်တွက်လိုက်ဖက်တဲ့ သူမရှိဘူး.."
သူတစ်ခြားလူတွေဆီမှာ အလှတစ်ရားကိုမရှာနိုင်၊ မရွေးခြယ်နိုင်ပါ။
"ငါ့အိမ်သား မျက်နှာလောက်တစ်ယောက်မှ မလှဘူး ကျန့်ရဲ့ခန္တာကိုယ်လေးက နတ်သမီးလေးလိုပဲ။ မဟုတ်ဘူး နတ်သမီးထက်ပိုတဲ့ ကြီးကျယ်မြင့်မြတ်တဲ့အလှတရားတွေရှိတယ်။ ကြည့်စမ်းပါဦး ဒီကောင်တွေကမိတ်ကပ်တွေထူပိန်းအောင်လိမ်းထားလိုက်တာများ ကျန့်လိုတစ်ယောက်မှ မလှဘူး"
ဝမ်ရိပေါ်စိုးရိမ်ရတဲ့အဓိကအချက်က အဲ့တာပင်။ သူ့ကျန့်လေးကအရမ်းလှသည်။ လှရုံတင်မဟုတ်ပဲ ခန္တာကိုယ်လေးကလည်းဆွဲဆောင်မှုရှိတာကြောင့် မကောင်းတဲ့မျက်လုံးတွေက သူ့ကျန့် လေးရဲ့ အထဲကကိုယ်တုံးလုံးပုံကို မှန်းပြီးအရသာခံကြလိမ့်မည်။ တစ်ယောက်ထဲအပြင်ပေးထွက်ဖို့ကို လုံးဝစိတ်မချနိုင်ပါ။ သူအသက်ရှင်နေသရွေ့ဘယ်တော့မှ မရစေရဘူး နောက်ဘဝတွေအထိ ဘယ်တော့မှ!။
သူအတွေတွေဖြတ်လိုက်ပြီး အိမ်ထဲဝင်သွားလိုက်သည်။ သူ့အိမ်သားဆီသွားချင်ပေမယ့် မနေ့ကပြသနာကြောင့် သူ့ကိုအေးစက်စွာဆက်ဆံနေသည်။ဒါကြောင့် ဧည့်ခန်းမှာထိုင်ပြီး ပုံတွေကိုပြန်ကြည့်ကာ အကောင်းဆုံးတစ်ခုကိုရွေးခြယ်ဖို့လုပ်လိုက်သည်။ ဒါပေမယ့်သူ ကလေးတွေဆီမှာ သူ့အာရုံမှာတစ်ခုကိုရောက်သွားပြီး မဂ္ဂဇင်းစာအုပ်ကိုပိတ်ချလိုက်သည်။ သူ့ကလေးတွေမျက်နှာကို အကဲခတ်ကြည့်လိုက်တော့ တစ်ခုခုကိုမပျော်ရွှင်ဖြစ်နေတာကြောင့်သူမေးခွန်းထုတ်လိုက်သည်။
YOU ARE READING
My Abusive husband ||Translation||<Completed>
FanfictionBy @pricelessjew22 ⚠️⚠️⚠️အရိုင်းဆန်ကာ ရှုပ်ထွေးပွေလီတဲ့အိမ်ထောင်ရေးမှာ ရိုက်နှက်ခြင်းနှင့် သွေးထွက်သံယိုများပါဝင်ပြီး ဇာတ်ကောင်ကို ပိုင်စိုးပိုင်နင်းဆန်ဆန် ဖန်တီးရေးသားထား သော Fic မို့လို့ Sensitive ဖြစ်တဲ့သူများရှောင်ပေးဖို့ မေတ္တာရပ်ခံပါသည်။⚠️⚠️⚠️...