19

2K 185 14
                                    

ဒီနေ့ရိပေါ်ဟာ ဖုန်းမကိုင်နိုင်လောက်အောင်အလုပ်တွေများလို့နေသည်။ ငြီးငွေ့စရာကောင်းတဲ့ meetingကိုသု့ကုမ္မဏီ ကလုပ်ဖေါ်ကိုင်ဖက်တွေရာယ် အခြားက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထုတ်ကုန်အသစ်အတွက်ဆွေးနွေးနေရတယ် ထုတ်ကုန်အသစ်တွက် ဘယ်လိုmodelမျိုးကိုရွေးခြယ်လျှင် ထုတ်ကုန်အတွက်တိုးတတ်မှု့ ရှိမလဲဆိုတာကိုလည်း ဒီနေ့သူရွေးခြယ်ရမည်။.သူအခုထိရွေးရမယ့် model ကိုရှာမတွေ့သေးဘူး ဘာလို့လဲဆိုတော့ ဘယ်သူမှ ရှောင်းလောက်မလှ‌ ပေ။ ဒီကြေငြာအတွက် ရှောင်းကိုမော်ဒယ်အဖြစ်လုပ်ခိုင်းဖို့ကလဲ သူ့အတွက်ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စ..နောက်ဆုံးတော့ သူသက်ပြင်းချကာအားလုံးထဲက အသင့်တော်ဆုံးဖြစ်မယ့်တစ်ယောက်ကို ရွေးခြယ်ကာလက်မှတ်ထိုးခဲ့သည်။. meeting ဟာသူမရှိပဲမဖြစ်နိုင်ဘူး အလုပ်ကိစ္စအတွက် သူ့လက်မှတ်လိုအပ်သည်။ .ရိပေါ်ဟာ meetingမှာသူတို့နဲ့‌ တွေ့ဆုံနေပေမယ့် အာရုံမစိုက်နိုင်ပဲ တစ်ခုခုကိုလစ်ဟာနေသလိုခံစားနေရပြီး စိတ်ကအိမ်မှာရှိနေတဲ့ရှောင်းဆီမှာသာ...သူနဲ့ဆယ်စုနှစ်ကြာကြာအတူနေခဲ့တဲ့ရှောင်းက သူ့ရဲ့အစိတ်ပိုင်းတစ်ခုအဖြစ်အသားကျနေပြီ.....

သူမယုံနိုင်ဘူး ရှောင်းမရှိပဲသူမအိပ်နိုင်ဘူး လွန်ခဲ့ညကဆိုလဲလုံးဝအိပ်မပျော်ဘူး..‌သူဒလောက်တံခါးရှေ့မှာဒူးထောက်ပြီးတောင်းပန်တာတောင်ရှောင်းက လက်မခံဘူး
ရှောင်းကို shopping Mall ကပြန်လာကတည်းကမတွေ့ရသေးဘူး ဒါကြောင့်သူဖုန်းကို ကောက်ယူလိုက်ပြီး ဖုန်းဆက်လိုက်သည်။

"ဒီနေ့ရှောင်း အပြင်ထွက်သေးလား မင်းအိမ်ထဲမှာသူ့ကိုတွေ့လား"

ဝမ်ရိပေါ် တစ်ဖက် ကိုမေးလိုက်ပြီး တစ်ဖက်မှပြန်ဖြေလာမည်ကို ရင်တုန်စွာနဲ့နားထောင်နေ၏။

"စိတ်မပူပါနဲ့ ဆရာကျွန်တော်ဆရာရဲ့အိမ်မျက်နှာချင်းဆိုင်မှာ မက်တပ်ရပ်နေတယ် သူအပြင်ထွက်လာတာမတွေ့ဘူး"

"ကောင်းပြီ ငါ့အိမ်ကိုစောင့်ကြည့်ထား သူလှုပ်ရှားမှုတစ်ခုတွေ့တာနဲ့ငါ့ကိုအကြောင်းကြား."

ဝမ်ရိပေါ်အမိန့်ပေးပြီးတာနဲ့ တစ်ဖက်ကကြားလိုက်ရတဲ့စကားကိုကျေနပ်စွာပြုံးလိုက်သည်။

My Abusive husband ||Translation||<Completed>Where stories live. Discover now