14

2.1K 177 9
                                    

ရှောင်ကျန့်မနေ့ကအဖြစ်အပျက်ကိုသေချာလေးလေ‌း နက်နက်တွေးနေမိသည်။ ရိပေါ်သူ့အပေါ်လုပ်တဲ့ အပြုအမူတွေက မိသားစုတစ်ယောက်ကိုဆက်ဆံတဲ့ပုံမျိုးမဟုတ် ဘယ်တော့မှလည်းတိုင်ပင်တာမျိုးမရှိပဲ သူကသာအမိန့်‌ပေးပြီး သူပြောသမျှကိုပဲနာခံစေကာ ကျွန်တစ်ယောက်လိုပဲ ဆက်ဆံသည်။ သူ့အမိန်‌တွေကို နာမခံလျှင် ရိုက်နှက်ပြီး သူ့စိတ်ထဲမှာ တစ်ခုခုအမှားယွင်းဖြစ်လာခဲ့လျှင်လည်းရိုက်ပြန်သည်။သူ သည်လိုမျိုးကိုဆက်ပြီးလက်မခံနိုင်တော့ပါ။ သူ့ကိုပြောင်းလဲမယ်ထင်ပြီး 14နှစ်တိုင်တိုင်စိတ်ရှည်ပြီး ပေါင်းသင်းခဲ့ပြီးပြီ။ ဒါပေမယ့်သူကပြောင်းလဲနိုင်ဦးပါ့မလား။ သူကလေးတွေကိုခေါ်ပြီး အဝေးကိုထွက်သွားလိုက်ရမလား။ အဲ့အခါသူပြောင်းလဲသွားမှာလား။

ရှောင်ကျန့်သူ့ဘာသာ စဉ်းစားနေသည်။ ဝီလီယမ်နဲ့ ရိပေါ်ကြားဖြစ်သွားတဲ့ပြသနာနဲ့ပတ်ပြီး သူ့ကိုတစ်ကယ်စိတ်ပျက်စေသည်။ သူ့ကလေးတွေရဲ့သူငယ်ချင်းကိုဒီလိုမောင်းထုတ်တာ သူမယုံနိုင်ဘူးလေ အမြဲသူဒီလိုလုပ်သည်။ ရှောင်ကျန့်ခေါင်းထဲက အတွေးတွေကိုထုတ်လိုက်သည်။ ဒီပြသနာတွေကို တိုင်တန်းရန် ဘုန်းတော်ကြီးရှိရာ ဘုရားကျောင်းကိုသွားခဲ့‌ သေးသည်။ ဝမ်ရိပေါ်ကဘယ်တော့မှ ဘုရားကျောင်းကိုမလာခြေ။ ဘုရားတရားနဲ့ပတ်သတ်ပြီး ဘယ်တော့မှပါဝင်ခြင်းမရှိ‌ပေ။ သူဝမ်ရိပေါ်သူ့အပေါ်လုပ်နေတဲ့ အပြုအမူတွေနဲ့ပတ်သတ်ပြီး ဘုန်းတော်ကြီးကိုပြောပြပေမယ့် သူ့ကိုဆုတောင်းတာကလွဲပြီးဘာမှ မလုပ်ခိုင်းခဲ့ပေ။

ရှောင်ကျန့်ဘုရားမှာဆုတောင်းနေခြင်းတစ်ခုတည်းဖြင့်သာ သူ့ခင်ပွန်းကိုပြောင်းလဲရန်ကြိုးစားနေရသည်။ သူတစ်နေ့ သူ့ခင်ပွန်းကိုကွားရှင်းဖို့အကြောင်းကိုပြောတော့ ဘုန်းတော်ကြီးကပြောသည်။ ဒါဟာဓမ္မနည်းလမ်းမကျဘူးတဲ့လေ။ ဘုရားကိုဆန့်ကျင်တာနဲ့အတူတူပဲတဲ့‌လေ။ ဘုရားကိုသာယုံကြည်ပြီးဆုတောင်းလိုက်ပါ ဒါသူ့ကိုပြောင်းလဲလာစေမည့်တစ်ခုတည်းသောနည်းလမ်းပဲလို့ ဘုန်းတော်ကြီးက ပြောခဲ့သည်။ ဒါပေမယ့်ရိ‌ပေါ်က မပြောင်းလဲပဲ တစ်နေ့ထက်တစ်နေ့ ပိုပြိဆိုးရွားလာသည်။

My Abusive husband ||Translation||<Completed>Where stories live. Discover now