မီးစက်ပျက်နေတာမို့ ယမ်ယမ်ကခြံဝန်းအနောက်ဖက် မီးစက်ရှိရာကိုရှောင်ကျန့်နဲ့ အတူသွားပြင်ကြရာ ရှောင်ကျန့်ကရိပေါ်ပြောင်းလဲနေတဲ့အကြောင်းကိုပြောပြာနေတသည်။
"ဘယ်လို ရိပေါ်ပြန်မလာတာ ၃ရက်ရှိပြီ ဟုတ်ပါ့မလား မင်းမရှိပဲသူဘယ်မှ သွားတာမဟုတ်ဘူး"
"ဟုတ်တယ် သူငါ့ကိုလိမ်နေပြီ သူအမူယာတွေပျက်နေတယ်"
"ဟားဟား ကျန့် မင်းကြောင့်သူ့မှာရူးတော့မလိုဖြစ်နေတာဘယ်လိုလို့ပြီး ဖြစ်နိုင်မှာလဲ လျှောက်မတွေးပါနဲ့ "
"အဲ့လိုပဲမျော်လင့်ရမှာပေါ့...အ့ ငါ့ ငါ့မျက်လုံးထဲတစ်ခုခုဝင်သွားပြီ"
"ဟုတ်လား ကျွန်တော့်ကိုပြ အရမ်းမလှုပ်ရှားနဲ့ "
"အဲ့တာဘာစောက်ကြောင်းတွေလုပ်နေတာလဲ"
ဝမ်ရိပေါ်ကဲ့ကျယ်လောင်လွန်းတဲ့အသံကြောင့် ရှောင်ကျန့် ဝိဉာဉ်လွင့်မတတ် လန့်သွားရသည်။
"ယမ်ယမ် မင်းငါ့ရဲ့ကျန့်ကို နမ်းဖို့လုပ်နေတာဘာသဘောလဲ ပြီးရင်မင်းတို့အိပ်ယာပေါ်တတ်ကြတော့မှာ မဟုတ်လား"
"မဟုတ်ဘူးရိပေါ် ငါသူ့မျက်လုံးကိုကြည့်ပေးရုံပဲ မင်းလျှောက်မပြောနဲ့"
ရိပေါ်ရဲ့မျက်လုံးတွေဟာနီရဲလျှက်သူတို့နားကိုလျှောက်လာပြီး နီးစပ်ရာတုတ်ကိုယူကာ ယမ်ယမ်ရဲ့ခေါင်းကိုရိုက်ချပစ်လိုက်ရာ သွေးတွေထွက်ပြီးပစ်လဲသွားသည်။
"ဝမ်ရိပေါ် ဘာမှအပြစ်မရှိတဲ့လူတစ်ယောက်ကိုမင်း သတ်နေပြီ ငါ့မျက်လုံးနာနေလို့ သူကြည့်ပေးတာ မင်းဘာလို့အခုလိုလုပ်တာလဲ လူနာတင်ယာဉ်မြန်မြန်ခေါ် "
"သတ်မှာ ငါအားလုံးကိုသတ်မှာ ငါမင်းကိုလဲ သတ်ပစ်မှာ မင်းကဘယ်လိုတောင်လဲ ငါ့သူငယ်ချင်း နဲ့နမ်းဖို့လုပ်ရဲတယ်"
ဝမ်ရိပေါ်ကအော်ဟစ်ပြီး ခါးပတ်ကိုချွတ်ကာရှောင်ကျန့်ကို ရိုက်တဲ့အခါ ရှောင်ကျန့်ကခါးပတ်ကိုလှမ်းဆွဲလိုက်ပြီး....
"မင်းဘာလုပ်လုပ်ငါမခံတော့ဘူး ငါ့ကိုဇနီးတစ်ယောက်လိုမလေးစားပဲ ကျွန်လိုဆက်ဆံတာရပ်တော့"
![](https://img.wattpad.com/cover/288334089-288-k224095.jpg)
ESTÁS LEYENDO
My Abusive husband ||Translation||<Completed>
FanficBy @pricelessjew22 ⚠️⚠️⚠️အရိုင်းဆန်ကာ ရှုပ်ထွေးပွေလီတဲ့အိမ်ထောင်ရေးမှာ ရိုက်နှက်ခြင်းနှင့် သွေးထွက်သံယိုများပါဝင်ပြီး ဇာတ်ကောင်ကို ပိုင်စိုးပိုင်နင်းဆန်ဆန် ဖန်တီးရေးသားထား သော Fic မို့လို့ Sensitive ဖြစ်တဲ့သူများရှောင်ပေးဖို့ မေတ္တာရပ်ခံပါသည်။⚠️⚠️⚠️...